Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ မင်္ဂလာဆောင်ဖိတ်စာလေးကတော့ပရိသတ်တွေရဲ့ ရှေ့ကိုရောက်လာပါပြီ။အောက်တိုဘာ ၁၇ရက်နေ့က ပရိသတ်တွေကို ချပြခဲ့တာဖြစ်ပါတယ်။ Song-Song Couple ရဲ့ ဖိတ်စာကရိုးရိုးလေးပါပဲ။ အသဲပုံလေးနှစ်ခုကို ဖဲကြိုးနဲ့ပန်းခက်လေးအလှဆင်ထားတာပါ။
သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဆောင်က အောက်တိုဘာ၃၁ရက်နေ့၊ညနေ ၄နာရီမှာကျင်းပမှာဖြစ်ပြီး ရှီလာဟိုတယ် ပထမအထပ် Yeong Bin Gwan banquet hall မှာပြုလုပ်မှာဖြစ်ပါတယ်။မင်္ဂလာဆောင်ဖိတ်စာကို ကိုရီးယားလိုရော၊အင်္ဂလိပ်လိုပါ လုပ်ထားတယ်လို့သိရပါတယ်။
အခု သူတို့နှစ်ယောက်ဟာ မင်္ဂလာမဆောင်ခင် ခရီးတွေအတူသွားနေပြီး အမှတ်တရနေ့ရက်တွေဖန်တီးနေပါတယ်။အခု ပရိသတ်တွေလည်းသူတို့ရဲ့ မင်္ဂလာဆောင်ဖိတ်စာလေးမြင်တွေ့ချင်မယ်ထင်လို့ ပြန်ပြီးမျှဝေလိုက်ပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။