သင့်ကို အသက် ၁၀နှစ်စာပိုရင့်သွားစေမယ့် မှားယွင်းတဲ့အပြုအမူများ

နေ့တိုင်းအမှတ်မထင်လုပ်မိတဲ့အပြုအမူလေးတွေက သင့်ကို အသက် ၁၀နှစ်လောက်ပိုကြီးသွားစေနိုင်တယ်ဆိုတာသင်သိပါသလား။ မသိသေးရင်သေချာမှတ်ထားပြီးပြောင်းလဲလိုက်ပါ။ဘာတွေလဲဆိုတော့…

၁။မှောက်ရက်အိပ်ခြင်း

ညဘက်အိပ်စက်တဲ့အခါမှာ မှောက်အိပ်တာက သင့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သက်တောင့်သက်သာမရှိစေတဲ့အပြင်ဦးနှောက်သွေးလည်ပတ်မှုကိုပါထိခိုက်စေပါတယ်။ အဲ့ဒါကြောင့် မှန်ကန်တဲ့ပက်လက်အနေအထားအတိုင်းအိပ်စက်ပါ။အဲ့ဒါမှသင့်ရဲ့ မျက်နှာမှာ အလွယ်တကူအရေးအကြောင်းတွေမဖြစ်စေပဲ နုပျိုစေမှာပါ။

၂။ဖုန်းပြောတဲ့အနေအထားမှားခြင်း

ဖုန်းပြောတဲ့အခါ နားနဲ့ပုခုံးမှာညှပ်ပြီးပြောတာက သင့်ရဲ့ လည်ပင်းကိုနာကျင်စေပြီး လည်ပင်းအရေးအကြောင်းတွေပိုဖြစ်လာစေပါတယ်။ဖုန်းပြောတဲ့အခါ နားကျပ်တပ်ပြီးပြောတာဖြစ်စေ၊စပီကာဖွင့်ပြီးပြောတာဖြစ်စေလုပ်ပါ။

၃။ဖုန်းကိုင်တာမှားယွင်းခြင်း

လူတိုင်းမှားယွင်းစွာလုပ်နေတဲ့အပြုအမူတစ်ခုပါ။ဖုန်းကိုင်တဲ့အခါ ဖုန်းကိုအောက်ချပြီးခေါင်းငုံ့ကြည့်တာက ဂုတ်ကြွက်သားနာကျင်မှုကိုဖြစ်လာစေပါတယ်။ အဲ့ဒါကြောင့်ဖုန်းသုံးတဲ့အခါ တတ်နိုင်သမျှခေါင်းကိုတည့်တည့်ထားပြီးဖုန်းကိုကြည့်ပါ။

၎။မေးပေါ်လက်ထောက်ခြင်း

ပုံထဲမှာပြထားတဲ့အတိုင်းအလုပ်လုပ်တဲ့အခါ ယောင်ယမ်းပြီးမေးစေ့ကို လက်နဲ့ထောက်ထားတတ်ပါတယ်။အဲ့ဒါဟာသင့်ရဲ့ မျက်နှာကို အရေးအကြောင်းတွေ ပိုပြီးဖြစ်လာစေပါတယ်တဲ့။မေးစေ့ထောက်တတ်တဲ့အကျင့်ရှိရင်ပြင်သင့်ပါပြီ။

၅။သရေစာအစားများခြင်း

သရေစာကိုနေ့တိုင်းစားနေမယ်ဆိုရင်သင့်ရဲ့ကိုယ်အလေးချိန်ကိုမြင့်တက်လာစေမယ့်အပြင် မျက်နှာပေါ်မှာလည်းအဆီတွေလာစုနေတတ်ပါတယ်။အဲ့ဒါကြောင့် ကျန်းမာပြီးအာဟာရပြည့်ဝစေမယ့်အစားအသောက်တွေကို စားပေးဖို့လိုပါတယ်။

၆။အဲကွန်းခန်းထဲမှာအကြာကြီးနေခြင်း

အဲကွန်းခန်းထဲမှာနေမယ်ဆိုရင် အဲကွန်းလေကြောင့် သင့်ရဲ့အသားအရည် ကိုမြန်မြန်ဆန်ဆန်ခြောက်သွေ့စေပြီး ပျက်စီးစေပါတယ်။ အဲ့ဒါကြောင့်မဖြစ်မနေ အဲကွန်းဖွင့်ရမယ်ဆိုရင်သင့်ရဲ့ ခန္ဓာကိုယ်ကိုအစိုဓာတ်ထိန်းကရင်မ်တစ်ခုခု လိမ်းသွားပါ။အဲကွန်းကိုလည်းတစ်နေကုန်ဖွင့်မထားပါနဲ့။

 

 

326 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.