မင်းသမီးချောလေး ဆောင်းဟေကျိုကို Vogue Korea ဖက်ရှင်မဂ္ဂဇင်းက နိုဝင်ဘာလမှာနောက်ဆုံးထွက်ရှိထားတဲ့ဖက်ရှင်ဒီဇိုင်းအတွက် ကာဗာဖိုတိုရိုက်ကူးပေးဖို့ မော်ဒယ်လ်အဖြစ်ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။
ဆောင်းဟေကျိုရဲ့ ဖက်ရှင်ပုံစံအသစ်တွေကို မဂ္ဂဇင်းမှာမြင်တွေ့ရတဲ့ပရိသတ်တွေက တကယ့်ကိုနတ်ဘုရားမလေးအတိုင်း လှပတာပဲလို့ချီးကျူးစကားတွေရေးသားခဲ့ကြတာ ကိုမြင်တွေ့ရပါတယ်။အမြဲတမ်းစမတ်ကျပြီး ချစ်စရာကောင်းတဲ့မင်းသမီးလေးဖြစ်တာကြောင့် သူမဘယ်လိုပုံစံဖြစ်ဖြစ်ပရိသတ်တွေက ကြည့်လို့ကိုမ၀ပါဘူး။
၂၀၁၆တုန်းက Descandants Of The Sun ဒရာမာဇာတ်ကားကိုရိုက်ကူးထားခဲ့ပြီး ဒါကသူမရဲ့ အနုပညာလှုပ်ရှားမှုအသစ်တွေလည်းဖြစ်ပါတယ်။ဆောင်းဟေကျိုက မကြာခင်မှာတော့ သူမရဲ့ ချစ်သူဖြစ်တဲ့ဆောင်ဂျွန်ကီနဲ့အောက်တိုဘာ ၃၁ရက်နေ့မှာလက်ထပ်ပွဲကျင်းပမှာဖြစ်ပါတယ်။
ဆောင်းဟေကျိုရိုက်ကူးထားတဲ့မဂ္ဂဇင်းကာဗာဖိုတိုတွေကိုလည်းပရိသတ်တွေမြင်တွေ့ရအောင် ဖော်ပြပေးလိုက်ပါတယ်။