အခုရာသီမှာ အာဆင်နယ်အသင်းပွဲစဉ်တွေမှာ ခြောက်ပွဲပဲပါဝင်ကစားခဲ့ရတဲ့ Vermaelen ဟာ ပုံမှန်နေရာမရ လို့ အာဆင်နယ်အသင်းက ထွက်ခွာချင်နေပါတယ်။ဘယ်ဂျီလ်ယံ လက်ရွေးစင်ကစားသမားဟာ ကလပ်အသင်း မှာပုံမှန်နေရာမရရင် ဘယ်လ်ဂျီယံအသင်းရဲ့ ကမ္ဘာ့ဖလားပွဲစဉ် ပထမလူစာရင်းမှာ ပါဝင်ခွင့်ရဖို့ မသေချာတဲ့ အတွက် ကလပ်အသင်းပြောင်းဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။
“ ကျွန်တော့်အတွက်လည်း ဆုံးဖြတ်ရခက်လှပါတယ်။သူကလည်း ထိပ်တန်းကစားသမားတစ်ဦးပါ။ သူပွဲထွက်ခွင့် မရတဲ့အတွက် ခံစားနေရမှာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ်ကစား သမားတစ်ဦးပီပီ သူဒါကို ထိန်းချုပ်နိုင်မှာပါ။ ဇန်န၀ါရီမှာ Vermaelen အာဆင်နယ်အသင်းကို စွန့် ခွာမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။တကယ်လို့ သူသာ တကယ်ထွက်ချင်ရင် ကျွန်တော့်ကိုလာတွေ့ ပြီး ပြောမှာပါ။ သူ့ လိုကစားသမားကောင်းတစ်ယောက်ကို ကျွန်တော် အသင်းမှာပဲ ဆက်နေစေချင်ပါတယ် “ လို့  အာစင်ဝင်းဂါးက Skysports ရုပ်သံဌာနရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။