လေ့ကျင့်ခန်းတွေအများကြီးရှိတဲ့အထဲမှာမှ ဟားဗတ်ကဆရာဝန်တွေ ကိုယ်တိုင်အကောင်းဆုံးလို့ပြောကြတဲ့လေ့ကျင့်ခန်း ၄မျိုးကဘာတွေဖြစ်မလဲ?
၁)ရေကူးခြင်း
ရေကူးတာက ခန္ဓာကိုယ်ကကြွက်သားတွေအားလုံးအားစိုက်ထုတ်ရပြီး တစ်နေ့ကိုနာရီဝက်ရေကူးပေးရင် ကိုယ်အလေးချိန်ညီမျှစေတဲ့အပြင် စိတ်ဖိစီးမှုကိုပါလျှော့ချပေးနိုင်ပါတယ်တဲ့။
၂)ထိုက်ချီကစားခြင်း
ဒီကစားနည်းကအသက်ကြီးတဲ့သူတွေအတွက်ပိုပြီးသင့်တော်ပါတယ်။ခန္ဓာကိုယ်အလေးချိန် ညီမျှအောင်ထားရတဲ့အတွက် သေချာဂရုတစိုက်ဆော့ကစားရပါတယ်။ သွေးလည်ပတ်မှုကောင်းစေပြီး အရပ်လည်းပိုရှည်နိုင်တဲ့အားကစားနည်းတစ်မျိုးပါပဲ။
၃)လမ်းလျှောက်ခြင်း
လမ်းလျှောက်တာကအကောင်းဆုံးလေ့ကျင့်ခန်းထဲကတစ်ခုပါတဲ့။နာရီဝက်လမ်းလျှောက်ပေးတာကဦးနှောက်စွမ်းရည်ရော၊ခန္ဓာကိုယ်အတွက်ပါကောင်းမွန်စေပါတယ်။လေ့လာချက်တွေအရ တစ်နေ့ကိုနာရီဝက်လမ်းလျှောက်တဲ့သူဟာ တခြားသူတွေထက်ပိုပြီး မှတ်နိုင်စွမ်းရှိတယ်လို့သိခဲ့ရပါတယ်။
၎)Kegal လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းဟာလည်း ကြွက်သားတွေအားလုံးသုံးရတဲ့အတွက် အဆီပိုတွေ ကျစေပြီးသွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ပုံထဲမှာပြထားတဲ့အတိုင်းကြမ်းပြင်မှာ လဲလျောင်းပြီး လက်တွေ၊ခြေထောက်တွေကိုအလုပ်ပေးထားပါ။အဲ့ဒီအတိုင်း ၁ကနေ၁၀ထိရေပါ။ တစ်နေ့ကို သုံးခါလုပ်ပေးနိုင်ပြီးတစ်ခါလုပ်ရင် ၁၀ခါစီလုပ်ပေးပါ။