အရက်မူးတဲ့အချိန်တိုင်း APink အဖွဲ့ဝင်ဘိုမီကို ဗီဒီယိုကောလ်ခေါ်တယ်ဆိုတဲ့လီကွမ်ဆို

မကြာသေးခင်ကပြသခဲ့တဲ့ Running Man အပိုင်းသစ်မှာဧည့်သည်သရုပ်ဆောင်အဖြစ် A Pink အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဘိုမီကိုခေါ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာဘိုမီက လီကွမ်ဆိုနဲ့ပတ်သက်ပြီးပြောပြခဲ့တာပဲဖြစ်ပါတယ်။

ဘိုမီက ဧပြီလတုန်းက Running Man မှာလည်း ပါဝင်ခဲ့ပါသေးတယ်။”နောက်ဆုံး အပိုင်းရိုက်ပြီးတဲ့အချိန်မှာ လီကွမ်ဆိုက ဗီဒီယိုကောလ်ခေါ်ခဲ့တာပါ။ပြီးတော့ အရက်လည်းသောက်ထားပါတယ်။အဲ့ဒီတုန်းက မရင်းနှီးသေးတဲ့အတွက် နည်းနည်းတော့ စိတ်ရှုပ်မိတယ်၊နောက်ပိုင်းသူအရက်မူးလာတဲ့အချိန်ဆို အမြဲဗီဒီယိုကောလ်ခေါ်လို့ နောက်ထပ်မခေါ်ဖို့တောင်းပန်ထားခဲ့ရတယ်၊စာတွေလည်းမပို့ဖို့ ပြောခဲ့ရတယ်”လို့ ရယ်မောပြီးပြောပြခဲ့ပါတယ်။

လီကွမ်ဆိုကလည်း Running Man အဖွဲ့ဝင်တွေကို “သူက Apink အဖွဲ့ထဲက အွန်းဂျီလိုပဲ ဘိုမီကိုရင်းရင်းနှီးနှီးဆက်ဆံတာပါ။တခြားစိတ်မျိုးမရှိပါဘူး”လို့ ရယ်မောရင်းပြန်ပြောခဲ့ပါတယ်။

454 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.