စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရမယ့် ဖြစ်ရပ်မှန်သမိုင်းကြောင်းဒရာမာဇာတ်ကား “A Taxi Driver”

ဒီတစ်ခေါက်မှာတော့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရမယ့် ဒရာမာဇာတ်ကားကောင်းကောင်းလေး အကြောင်းပြောပြပေးချင်ပါတယ်။ဒါရိုက်တာ Jang Hoon ရိုက်ကူးထားတဲ့ “A Taxi Driver” ဆိုတဲ့ဇာတ်ကားပါ။၁၉၈၀တုန်းက ဂွမ်းဂျူမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ဒီမိုကရေစီသမိုင်းကြောင်းတွေကိုပြန်ပြီး အသက်သွင်းဖန်တီးထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို သြဂုတ်လ ၂ရက်နေ့က တောင်ကိုရီးယားမှာစတင်ပြသခဲ့ပြီးအောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါတယ်။နိုင်ငံခြားသားတွေနဲ့ပူးပေါင်းရိုက်ကူးထားတာဖြစ်ပြီး အကယ်ဒမီ ဆုပေးပွဲမှာလည်း အကောင်းဆုံးနိုင်ငံခြားဘာသာစကားဆု၊ အကောင်းဆုံးမင်းသားဆု ကိုရရှိခဲ့တယ်လို့သိရပါတယ်။

အဓိက ပါဝင်တဲ့မင်းသားကတော့ Song Kang Ho ဖြစ်ပြီး တွဲဖက်သရုပ်ဆောင်ကတော့ နိုင်ငံခြားသား ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ Thomas Kretschmann ဖြစ်ပါတယ်။မင်းသား Song Kang Ho မှာ အသက် ၈နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပြီးအိမ်ငှားနေရတာပါ။ သူနဲ့သူ့ရဲ့ သမီးလေးစားဝတ်နေရေးအတွက် တက္ကစီမောင်းပြီးကြိုးစားရှာဖွေနေတဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။သူတို့က ဆိုးလ်မှာနေတာဖြစ်တဲ့အတွက် ဂွမ်းဂျူမြို့က အဖြစ်အပျက်တွေကိုသေချာမသိကြပါဘူး။ရေဒီယိုနဲ့တီဗီကသတင်းတွေကပဲ ကြားသိရတာဖြစ်ပါတယ်။

 

တကယ်တော့ဂွမ်းဂျူမြို့မှာရှိတဲ့လူတွေက စစ်အုပ်ချုပ်ရေးကိုမလိုလားတဲ့အတွက်ဒီမိုကရေစီရဖို့ ဆန္ဒပြနေကြတာပါ။စစ်သားတွေကလည်းဝိုင်းထားပြီး မြို့ကိုထွက်ဖို့ဝင်ဖို့လည်းမလွယ်ပါဘူး။ အဲ့ဒီသတင်းကို ကြားထားတဲ့ဂျာမန်သတင်းထောက်တစ်ယောက်က ကိုရီးယားကိုရောက်လာပြီး ဂွမ်းဂျူမြို့ကိုသွားဖို့တက္ကစီရှာခဲ့ပါတယ်။အဲ့ဒီအချိန်မှာ မင်းသား Song Kang Ho က မမျှော်လင့်ပဲသိသွားပြီးငွေကြေးလိုအပ်နေတဲ့အတွက် တခြားတစ်ယောက်ကိုယ်စား သတင်းထောက်ကို သွားကြိုခဲ့တာပဲဖြစ်ပါတယ်။ သူကအင်္ဂလိပ်စကားလည်းအတော် အတန်ပြောတတ်တဲ့အတွက် အခက်အခဲအနည်းငယ်သာရှိခဲ့ပါတယ်။

ဒါပေမဲ့သူတို့နှစ်ယောက်ဂွမ်းဂျူရောက်တဲ့အချိန်မှာ အခက်အခဲတွေ၊ဒေါသထွက်စရာတွေ ၊ခံပြင်းစရာတွေ အများကြီးတွေ့ကြုံခဲ့ရပါတယ်။မြို့ပေါ်မှာကြားနေရတဲ့သတင်းတွေက အမှန်မဟုတ်ပဲ အတုအယောင်တွေဖြစ်နေတဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့တရားမျှတတဲ့ စိတ်ရှိတဲ့မင်းသား Song Kang Ho ၊ဂွမ်းဂျူမြို့က အမှန်တရားကိုလိုလားလို့ အသက်နဲ့ရင်းပြီးကူညီပေးကြတဲ့လူတွေနဲ့သတင်းအမှန်တွေကို ကမ္ဘာကိုချပြဖို့ဆန္ဒရှိတဲ့ ဂျာမန်သတင်းထောက်တို့က ဘယ်လိုတွေလှုပ်ရှားကြိုးစားပြီး အမှန်အတိုင်းဖြစ်အောင် လုပ်ကြမလဲဆိုတာ ပရိသတ်ကြီးကိုယ်တိုင်ကြည့်ရှုခံစားပေးပါဦး။

ပရိသတ်တွေကြည့်ရှုခံစားလို့ရအောင် Trailer လေး ဖော်ပြပေးလိုက်ပါတယ်။

371 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.