နေ့ရက်တိုင်းကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်ဖို့ အရေးကြီးဆုံးအပြုအမူတစ်ခုက ဘာလဲ?

မနက်နိုးလာတဲ့အချိန်ကစပြီး တစ်နေ့တာလုံးစိတ်လန်းဆန်းကြည်လင်စေဖို့လုပ်ဆောင်ရမယ့် အရေးအကြီးဆုံးအပြုအမူကဘာလဲဆိုရင် အပြုံးပါ။မနက်မိုးလင်းလို့အိပ်ရာကထပြီဆိုတာနဲ့ အလှဆုံးပြုံးထားပါ။အပြုံးကသ့င်ရဲ့ တစ်နေ့တာအတွက်၊နေ့တိုင်းအတွက်ဘာဖြစ်လို့ အရေးကြီးတာလဲဆိုရင်…

၁။စိတ်ခွန်အားဖြစ်စေတယ်

အရင်နေ့တွေကဆိုးဝါးတဲ့နေ့တွေဖြစ်ခဲ့ရင်တောင် ဒီနေ့တစ်နေ့တာကို ပျော်ရွှင်စွာဖြတ်သန်းရမယ်ဆိုတဲ့စိတ်နဲ့ပြုံးပါ။

၂။အသက်ပိုရှည်စေတယ်

ရယ်မောခြင်းက အသက်ပိုရှည်စေသလို ပြုံးတာကလည်းသင့်ရဲ့ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတဲ့ အတွက် စိုးရိမ်ကြောင့်ကြမှုတွေမဖြစ်စေပါဘူး။စိတ်ကလန်းဆန်းနေတဲ့အတွက် ကျန်းမာရေး အတွက်လည်းကောင်းမွန်စေပါတယ်။

၃။ပိုပြီးလှပကျက်သရေရှိစေတယ်

ဘယ်သူမဆို ပြုံးလိုက်ရင်ပိုပြီးချစ်စရာကောင်းတယ်၊ လှပတယ်၊ ကျက်သရေရှိကြပါတယ်။ မိတ်ကပ်မခြယ်သထားရင်တောင် သင့်ကိုပိုပြီးလှပစေတာက ပြုံးတာပါ။ယောက်ျားလေး ၇၀ရာခိုင်နှုန်းလောက်က မိန်းကလေးတစ်ယောက်ဟာ ပြုံးနေတဲ့အချိန်မှာပိုပြီးဆွဲဆောင်မှုရှိတယ် လို့ပြောကြပါတယ်။

၎။စိတ်ဖိစီးမှုလျော့စေတယ်

ပြုံးတာက ခန္ဓာကိုယ်ဟော်မုန်းဖြစ်စဉ်ကို မျှတစေပြီး စိတ်ဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေကိုလျှော့ချပေး ပါတယ်။မပြုံးချင်ပဲပြုံးလိုက်တဲ့အချိန်မှာတောင် ခန္ဓာကိုယ်အတွက်ကောင်းမွန်စေပါတယ်တဲ့။သင့်ရဲ့ မနက်ခင်းတိုင်းကို အပြုံးနဲ့စတင်သင့်ပါတယ်။

၅။တခြားသူတွေကိုပျော်ရွှင်စေတယ်

တခြားတစ်ယောက်ကို အပြုံးနဲ့နှုတ်ဆက်တဲ့အခါမှာ သူကလည်းသင့်ကိုပျော်ရွှင်စွာ နဲ့ပြန်ပြီးနှုတ်ဆက်ပါလိမ့်မယ်။အမြဲတမ်းပြုံးပျော်နေတဲ့လူတစ်ယောက်ကိုမြင်ရင် တခြားသူတွေရဲ့ စိတ်ထဲမှာလည်းလွတ်လပ်ပေါ့ပါးပြီးပျော်ရွှင်နေမယ်ဆိုတာသေချာပါတယ်။တကယ်တော့ အပြုံးဆိုတာ ကူးစက်ရောဂါတစ်ခုလိုပါပဲ။

၆။ယုံကြည်မှုပိုရှိစေတယ်

သင်ပြုံးလိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မှုရှိလာစေပါတယ်။ အဲ့ဒါကြောင့်မနက်အလုပ်မသွားခင်မှန်ထဲမှာ ကိုယ့်ကိုယ်ကိုကြည့်ပြီးပြုံးပါ။သင့်ရဲ့ တစ်နေ့တာအတွက်ယုံကြည်မှုအပြည့်ရှိနေစေမှာပါ။

၇။ဘ၀ကတိုတိုလေးဖြစ်လို့ ပျော်ရွှင်စွာနေပါ

ပြုံးတာက စိတ်ကိုပျော်ရွှင်စေတဲ့အရာတစ်ခုပါ။အနားကလူတွေကိုလည်းပျော်ရွှင်စေပြီး ၀မ်းနည်းမှုတွေပြေပျောက်စေပါတယ်။ဘ၀ဆိုတာ ဖြတ်သန်းဖို့တိုတိုလေးပါ။ ဒီအချိန်လေးမှာပျော်ရွှင်အောင်မနေရင် ဘာအဓိပ္ပာယ်ရှိနိုင်မှာလဲ။အဲ့ဒါကြောင့် တစ်နေ့တာအတွက်သာမက နေ့တိုင်းပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းနိုင်ဖို့ မနက်နိုးလာတဲ့အချိန်တိုင်း စိတ်လိုလက်ရပြုံးပါ။ကိုယ်ချစ်တဲ့သူတွေရဲ့ အကြောင်းကိုစဉ်းစားပြီးပြုံးပါ။

 

 

 

 

235 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.