မိန်းကလေးပရိသတ်တွေအသည်းစွဲဖြစ်ကြတဲ့တရုတ်မင်းသား Luhanဟာ မကြာသေးခင်က သူ့ရဲ့အချစ်ရေးကိုပရိသတ်တွေဆီအသိပေးပြောကြားခဲ့ပါတယ်။Luhan ဟာ နာမည်ကျော်မင်းသားတစ်လက်ဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။သူက EXO အဖွဲ့ဝင်ဟောင်းလည်းဖြစ်ပါတယ်။
Luhan က သူ့ရဲ့ ပါစင်နယ်အကောင့်ကနေ သူ့ရဲ့ ချစ်သူမိန်းကလေးဖြစ်တဲ့ Guan Xiao Tongနဲ့မိတ်ဆက်ပေးပါရစေဆိုပြီးပရိသတ်တွေကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။Guan ဟာလည်းအနုပညာရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ Sweet Combat ဆိုတဲ့ဒရာမာဇာတ်ကားကိုအတူတွဲဖက်ပြီးရိုက်ကူးသွားမှာဖြစ်ပါတယ်။Guan က တရုတ်မင်းသမီးတစ်ယောက်ဖြစ်သလို သူမကို အင်္ဂလိပ်နာမည်ဖြစ်တဲ့ Traey Miley ဆိုပြီးလည်း လူသိများထင်ရှားပါတယ်။
သူတို့နှစ်ယောက်လုံးကချစ်စရာကောင်းပြီးလိုက်ဖက်တဲ့စုံတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေကလည်း အံ့သြ၀မ်းသာနေကြပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။