ကန်တပ်ကီပြည်နယ်၊လက်ဇင်တန်မြို့ မှာနေထိုင်တဲ့ Henry Earl ဆိုသူဟာ လွန်ခဲ့တဲ့သုံးနှစ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုကြောင့် အခုအချုပ်ကျသွားပြီး သူ့ ရဲ့ ၁၂၆၇ ကြိမ်မြောက် အချုပ်ကျမှုမှတ်တမ်းကို ရေးထိုးခဲ့ပါတယ်။သူ့ ရဲ့ အချုပ်ကျမှုစံချိန်ထင်ပေါ်ကျော်ကြားမှုကြောင့် သူ့ အတွက် Wikipedia မှတ်တမ်းတစ်ခုဖွင့်ပေးခဲ့ရပြီး သူကျူးလွန်တဲ့ပြစ်မှုတွေကို လိုက်ရေတွက်ဖော်ပြတဲ့ website တစ်ခုပါ ဖွင့်ခဲ့ရပါတယ်။ အသက် ၂၀ နှစ်အရွယ် ဂျူလိုင်၊၁၉၇၀ မှာ လက်နက်ခိုးဝှက်သယ်ဆောင်မှုကြောင့် ပထမဦးဆုံးအဖမ်းခဲ့ရပြီး ၁၉၇၀ ပြည့်နှစ်အတွင်းမှာ တင်နောက်ထပ်အချုပ်အကြိမ် ၃၃ ကြိမ်ထပ်ကျခဲ့ပြီး ၈၀ ပြည့်နှစ်အတွင်းမှာ အကြိမ် ၂၃၀ ထပ်ကျခဲ့ပြန်ပါတယ်။ ၉၀ပြည့်နှစ်တွေမှာ ပိုဆိုးလာပြီး နှစ်ရက်တစ်ကြိမ်နီးပါးလောက် အချုပ်ကျနေခဲ့ပါတယ်။ အချူပ်ကျခံရတဲ့ ပြစ်မှု အများဆုံးက လူမြင်ကွင်းမှာမူးယစ်သောင်းကျန်းမှုနဲ့  စည်းကမ်းချိုးဖောက်မှုတို့ ကြောင့်ဖြစ်ပါတယ်။ နောက်ဆုံး ၁၂၆၇ ကြိမ်မြောက် အဖမ်းခံခဲ့ရတာကတော့ လွန်ခဲ့တဲ့သုံးနှစ်က စားသောက်ဆိုင်တစ်ခုရှေ့ မှာမူးယစ်ရမ်းကား လို့ ပါ။ အခုတောင့် ဖာယက်တီကောင်တီတရားရုံးက သူ့ ကိုနောက်ထပ်ခဏခဏပြစ်မှုမကျူးလွန်တော့အောင် လို့ သုံးလလောက်ကြာအောင် ထောင်ထဲမှာထားမယ်လို့ အမိန့် ချလိုက်ပါတယ်။Henry Earl ဟာ သူ့  ဘ၀ရဲ့ ရက်ပေါင်း ၆၀၀၀ ကျော်ကို သံတိုင်တွေနောက်မှာ ဖြတ်သန်းခဲ့ရပါတယ်။ Earl ဟာ ခဏခဏ အဖမ်းခံအချုပ် ကျခဲ့ပေမယ့် ခိုးမှုနဲ့ အကြမ်းဖက်မှုတို့ ကြောင့်တော့ တစ်ခါမှ အဖမ်းမခဲ့ရပါဘူး။
Ref: dailytelegraph.com