လင်းပိုင်လေးတွေနဲ့ပတ်သက်ပြီးသင်မသိသေးတဲ့အချက် ၉ချက်

ပင်လယ်ထဲမှာနေတဲ့လင်းပိုင်လေးတွေကို အပြင်မှာမြင်ဖူးတဲ့သူရှိသလို ရုပ်ရှင်တွေထဲမှာပဲမြင်ဖူး တဲ့သူတွေရှိပါတယ်။လင်းပိုင်လေးတွေက ချစ်စရာကောင်းတာကြောင့် ကလေးရော၊လူကြီးပါ ချစ်ခင်နှစ်သက်ကြပါတယ်။အများအားဖြင့် ဖလော်ရီဒါက ဖျော်ဖြေပွဲတွေမှာလင်းပိုင်လေးတွေ ကိုတွေ့မြင်နိုင်ပါတယ်။ အခုလင်းပိုင်တွေနဲ့ပတ်သက်ပြီးသင်မသိသေးတဲ့အချက်လေးတွေ ကိုပြောပြပေးချင်ပါတယ်။

၁။လင်းပိုင်တွေကမျိုးစိတ်ငါးမျိုးတောင်ရှိကြပါတယ်။အများစုကိုတော့ ပင်လယ်သမပိုင်းဇုံနဲ့အပူပိုင်းဇုံတို့မှာမြင်တွေ့နိုင်ပြီး အနည်းငယ်ကိုတော့မြစ်ချောင်းတွေထဲမှာမြင်တွေ့နိုင်ပါတယ်။

၂။လင်းပိုင်လေးတွေကချစ်စရာကောင်းပေမဲ့ စိတ်မကောင်းစရာက အသားစားနို့တိုက်သတ္တ၀ါမျိုးစိတ်ဖြစ်နေတာပါ။အသက်ရှင်နိုင်ဖို့ ပင်လယ်ထဲက အခွံမာကောင်၊ဗီလာငါးနဲ့ငါးမျိုးစိတ်တွေကိုဖမ်းယူစားသောက်ရပါတယ်။

၃။လင်းပိုင်လေးတွေရဲ့ ထူးခြားတဲ့စွမ်းရည်ကတော့ လူတွေရဲ့ အပြုအမူတွေကိုနားလည်နိုင်ပြီး သူတို့ပါလိုက်လုပ်နိုင်ကြပါတယ်။လင်းပိုင်တစ်ကောင်ရဲ့ ဦးနှောက်က ချင်ပန်ဇီတစ်ကောင်ရဲ့ ဦးနှောက်ထက်ပိုကြီးတယ်လို့သိရပါတယ်။

၎။လင်းပိုင်တွေက အကြီးမားဆုံးသတ္တ၀ါအုပ်စုတွေဖြစ်ကြတဲ့ ဝေလငါးရဲ့ မျိုးစိတ်တစ်ခု လည်းဖြစ်ပါတယ်။သူတို့ရဲ့ အမျိုးတော်စပ်တဲ့ဝေလငါးတစ်ကောင်ကိုတော့ Killer Whale လို့ခေါ်လေ့ရှိပါတယ်။သတ်မှတ်ပေးထားတာမဟုတ်ပဲ တခြားဝေလငါးတွေကိုသတ်ဖြတ်တတ်တဲ့ ဝေလငါးကြီးဖြစ်လို့ ပင်လယ်သင်္ဘောသားတွေက နာမည်ပေးထားကြတာဖြစ်ပါတယ်။

၅။လင်းပိုင်တွေကိုသာ ဆိုရှယ်မီဒီယာပေါ်မှာလူသားတွေနဲ့အတူဆော့ကစားတာ ၊ဖျော်ဖြေတာတွေကိုမြင်တွေ့နိုင်ပါတယ်။လင်းပိုင်လေးတွေနဲ့အတူဓာတ်ပုံရိုက်တာ ၊ဘောလုံးကစားတာတွေကို ဆိုရှယ်မီဒီယာပေါ်မှာအများဆုံးမြင်တွေ့နိုင်ပါတယ်။သူတို့က အမြဲတမ်းအုပ်စုလိုက်ဆော့ကစားတတ်ကြပါတယ်။

၆။လင်းပိုင်လေးတွေမှာထူးခြားတဲ့နာမည်ပြောင်လေးတွေလည်းရှိပါတယ်တဲ့။လင်းပိုင်မလေးတွေကိုတော့ Cows လို့ခေါ်ကြပြီး လင်းပိုင်ထီးလေးတွေကို Bulls လို့ခေါ်ကြပါတယ်။ ဘေဘီလင်းပိုင်လေးတွေကိုတော့ Calvesလို့နာမည်ပေးထားကြပါတယ်။

၇။လင်းပိုင်လေးတွေက မှန်ထဲမှာသူတို့ကိုသူတို့မြင်ရင်မှတ်မိကြပါတယ်တဲ့။ခွေးလေးတွေ ၊ကြောင်လေးတွေဆို သူတို့ရဲ့ ပုံကိုမှန်ထဲမှာတွေ့တဲ့အခါလန့်ပြီးထွက်ပြေးတတ်ကြပါတယ်။ လင်းပိုင်လေးတွေကတော့သူတို့ကိုယ်သူတို့ချက်ချင်းမှတ်မိကြပါတယ်တဲ့။အံ့သြစရာပါပဲ။

၈။လူတွေကနှာခေါင်းနဲ့အသက်ရှုကြသလို လင်းပိုင်လေးတွေကတော့သူတို့ရဲ့ ခေါင်းနဲ့အသက်ရှုရပါတယ်တဲ့။

၉။နောက်ဆုံးတစ်ချက်ကတော့လင်းပိုင်လေးတွေရဲ့ အကြားအာရုံပါ။သူတို့ရဲ့ နားတွေက အရမ်းကိုကောင်းပါတယ်။လူတစ်ယောက်ကြားနိုင်တာထက် ၇ဆသာလွန်ပြီးကြားနိုင်စွမ်း ရှိတယ်လို့သိရပါတယ်။

131 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.