ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့နှိုင်းယှဉ်ပြောဆိုနေတာကို မလုပ်သင့်တဲ့အကြောင်းရင်း ၅ချက်

လူတွေကကိုယ့်ကိုယ်ကိုမသိလိုက်ခင်မှာပဲတခြားသူတွေနဲ့ယှဉ်ပြီး တွေးတတ်ကြပါတယ်။

“ငါသာ သူ့လိုလုပ်နိုင်ရင်ကောင်းမယ်” “ငါကသူ့လောက်ဘာလို့မတော်တာလဲ”စသဖြင့် ကိုယ့်ကိုယ်ကိုအဆိုးမြင်ဝေဖန်နေတာကိုရပ်လိုက်သ့င်ပါပြီ။ တခြားသူတွေနဲ့ကိုယ့်ကိုယ်ကိုယှဉ်ပြီး တိုးတက်ကောင်းမွန်သွားတဲ့သူတွေရှိပါတယ်။ဒါပေမဲ့ ဘာမှလည်းမကြိုးစားပဲ အဆိုးမြင်ဝေဖန်နေရင်တော့ ခုတည်းက အဲ့အတွေးတွေကိုထုတ်လိုက်ပါ။ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ယှဉ်ပြီးဝေဖန်တာကိုမလုပ်သင့်တဲ့အကြောင်းရင်းတွေရှိပါတယ်။ ဘာတွေလဲဆိုတော့…

၁။ယုံကြည်မှုပျောက်ဆုံးစေတယ်

တခြားသူတွေနဲ့ယှဉ်တွဲပြီးတွေးတာများလာလေလေ ယုံကြည်မှုပျောက်ဆုံးလေပါပဲ။ “သူကင့ါထက်တော်တယ် သူ့လိုလုပ်နိုင်မှာမဟုတ်ပါဘူး”စသဖြင့်မကောင်းတဲ့ဘက် ကပဲတွေးတတ်လာပါလိမ့်မယ်။

၂။ပန်းတိုင်နဲ့ဝေးကွာစေတယ်

ကိုယ့်ကိုယ်ကိုတခြားသူတွေနဲ့ယှဉ်ပြီးတွေးတောနေတာဟာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ ဝေးသွားစေနိုင်ပါတယ်။တခြားသူတွေနဲ့မယှဉ်ပဲ ကိုယ့်ကိုယ်ကိုပဲယှဉ်ပါ။ ကိုယ်ဘယ်လောက်ထိလုပ်နိုင်လဲ ဘယ်လောက်ထိလုပ်ပြီးပြီလဲတွေးတောသင့်ပါတယ်။

၃။အကျင့်စာရိတ္တပျက်စီးစေတယ်

တခြားသူတွေနဲ့ယှဉ်ရင်း တခြားသူတွေက ကိုယ့်ထက်ပိုအောင်မြင်နေတဲ့အခါမှာ မနာလိုစိတ်တွေဖြစ်လာပြီးသူတစ်ပါးပျက်စီးဖို့ ကြံစည်တွေးတောနေမိပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုထိန်းချုပ်ပြီး ဆင်ခြင်သင့်ပါတယ်။

၎။စိတ်ဖိစီးမှုများလာပြီးကိုယ်လုပ်ရမယ့်အလုပ်တွေလွတ်ကုန်တယ်

တခြားသူတွေနဲ့လိုက်ပြီးနှိုင်းယှဉ်နေရင် ကိုယ့်အလုပ်လည်းမပြီးပါဘူး။ သူကကိုယ့်ထက်သာနေတယ်ဆိုတဲ့အတွေးနဲ့စိတ်ဖိစီးမှုတွေဖြစ်လာစေပါတယ်။ အဲ့ဒီအခါကျရင်အလုပ်လည်းကောင်းကောင်းပြီးမြောက်တော့မှာမဟုတ်ပါဘူး။

၅။မပျော်ရွှင်နိုင်တော့ဘူး

တခြားသူတွေနဲ့ကိုယ့်ကိုယ်ကိုနှိုင်းယှဉ်မယ်ဆိုရင် နောက်ဆုံးရမယ့်ဆိုးကျိုးကတော့ ပျော်ရွှင်မှုကိုခံစားရမှာမဟုတ်တော့ပါဘူး။ဘယ်အလုပ်မဆိုစိတ်ပျော်ရွှင်မှ အလုပ်ကောင်းကောင်း လုပ်နိုင်မှာပါ။ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းမရှိဖြစ်နေမယ်ဆိုရင် အရှုံးတွေနဲ့ပဲ ရင်ဆိုင်ရပါလိမ့်မယ်။အမြဲတမ်းလိုလို တခြားသူတွေနဲ့နှိုင်းယှဉ်တွေးတောနေတာကို အခုချက်ချင်းရပ်ပစ်သင့်ပါပြီ။

 

162 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.