တစ်ချို့စုံတွဲလေးတွေ..စစကြိုက်ချင်းဆို လက်လေးတစ်ခါကိုင်ဖို့
အရေးကို အလွန်ရှက်ကြောက်ကြပါတယ်။ နှစ်တွေကြာလာတဲ့အခါ
ကျတော့လည်း ဘာမှမဖြစ်တော့ဘူး။ နှစ်ရှည်လများစွာတွဲလာတဲ့
စုံတွဲတွေတော့ ခုခေတ်မှာရှားသွားပါပြီ။ တစ်ခါတစ်လေ စကားလုံးတွေ
မပါဘဲ ဟန်ပန်အမူရာတွေကပြောပြနေတဲ့ အဓိပ္ပာယ်တွေကို
နားလည်နိုင်မယ့်အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။
သင်ရဲ့ချစ်သူနဲ့တွေ့တဲ့အခါ သူကသင့်ကို အချိန်အခိုက်တန့်ကြာတဲ့အထိ
စိုက်ကြည့်နေတတ်လား? ထပ်တလဲလဲစိုက်ကြည့်နေပြီဆိုရင်
သူသင့်ကိုတကယ်သဘောကျနေတာ သေချာပါတယ်။
လမ်းလျှောက်နေရင်းဖြစ်စေ၊ ထိုင်နေရင်းဖြစ်စေ စကားပြောတဲ့အခါ
သူ့ခန္ဓာကိုယ်က သင့်ဘက်ကို အသားပေးလှည့်နေတယ်ဆိုရင် သူသင့်
ကိုစိတ်ဝင်စားနေပါတယ်။ ခြေထောက်ကို ချိတ်ထိုင်တဲ့အခါ
ခြေထောက်တစ်ဖက်က သင့်ဘက်ကိုဦးတည်နေပြီဆိုရင်တော့ သေချာပါပြီ။
မျက်နှာချင်းဆိုင် စကားပြောတဲ့အခါ ထိုင်ခုံမှာ အပြည့်အဝကျောမမှီဘဲ
ရှေ့ကိုဆိုက်ပြီး သင့်ကိုသူက အားပါးတရ စကားတွေပြောနေတယ်ဆို
သင့်ကို သဘောကျနေပါတယ်။
ယောက်ျားလေးတွေက သူတို့ကိုယ်သူတို့ ပိုသန်စွမ်းကြောင်း ပြ
ချင်တဲ့အခါ နံရံပေါ်လက်တစ်ဖက်ထောက်ပြီး မတ်မတ်ရပ်တတ်ကြပါ
တယ်။ ရုပ်ရှင်ကားတွေထဲကလို စကားပြောနေရင်း နံရံဘက်မှာ
လက်တစ်ဖက်ထောက်ကာ မိန်းကလေးကိုစိုက်ကြည့်နေတာမျိုးပေါ့။
တစ်ခါတစ်လေ တစ်ယောက်ယောက်က ဟာသပြောလို့
သင်ကရယ်ပြီး အမှတ်မထင်ကြည့်လိုက်ရင် သူကအခြားနေရာကနေ
သင်ရယ်တာကိုကြည့်နေတာမျိုး ကြုံဖူးလား? ဒါဟာ သူတကယ်သင့်ကို
သဘောကျနေတဲ့ အခြေအနေပါပဲ။
ပုံပါအတိုင်း အခြေအနေဆို တစ်ခုခုလွဲနေပြီ။ သင်တို့ဆွေးနွေးဖို့
လိုနေပါပြီ။ သင်တစ်ခုခုပြောဖို့လုပ်တိုင်း သူကခန္ဓာကိုယ်ကို တစ်ဖက်
လှည့်နေတာတို့၊ သင့်မျက်လုံးကို တည့်တည့်မကြည့်တာတို့၊
သင်အနားမကပ်ချင်တာတို့ဆိုရင် ဒါဟာပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ
ပါ။ သင်တို့နှစ်ယောက် ဆွေးနွေးဖို့လိုနေပါပြီ။