အမှီခိုကင်းမဲ့တဲ့ မိန်းကလေးတွေဟာ ဆွဲဆောင်မှုအရှိဆုံးပါပဲတဲ့။ ဘယ်ယောက်ျားအပေါ်မှ မှီခိုမှုမရှိဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ပိုက်ဆံရှာတဲ့ မိန်းကလေးသာလျှင် အတော်ဆုံးလို့ဆိုကြပါတယ်။

ပိုက်ဆံဆိုတာ ပျင်းရိတဲ့မိန်းကလေးတွေကိုသာလျှင် ဆွဲဆောင်နိုင်ပါလိမ့်မယ်။ အလုပ်ကြိုးစားတဲ့ မိန်းမတစ်ယောက်ကို ပိုက်ဆံနဲ့ သွားဆွယ်လို့မရပါ။ စုံတွဲတစ်တွဲမှာလည်း အမှီခိုကင်းမဲ့ပြီး စိတ်ဓာတ်ခိုင်မာမှသာ ကြာရှည်တည်မြဲတဲ့ Relationship တစ်ခုကိုတည်ဆောက်နိုင်ပါလိမ့်မယ်။ ပျင်းရိတဲ့မိန်းကလေးတွေကိုတော့ ယောက်ျားတွေပိုက်ဆံနဲ့ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ထိုပိုက်ဆံတွေမရှိတော့တဲ့အခါ ထိုယောက်ျားလည်း ဘာတန်ဖိုးမှမရှိတော့ပါဘူး။

ဖေ့စ်ဘုတ်သုံးစွဲသူ Antonette Ojanoက ဒါတွေကိုကောင်းကောင်းသိတဲ့အတွက် အမှီခိုကင်းတဲ့နေထိုင်မှုကိုသာရွေးချယ်ခဲ့တယ်။ သူမက အလှပြင်ဆိုင်မှာအလုပ်လုပ်ပြီး ကိုယ့်ပိုက်ဆံ ကိုယ်ရှာဖွေသုံးစွဲနေတာဖြစ်ပါတယ်။

ဒါပေမယ့် ပိုက်ဆံရှိလူကြီးတစ်ယောက် သူမဆီကိုချည်းကပ်ခဲ့ပြီး သူမအလုပ်ကို ထိခိုက်စော်ကားတဲ့စကားတွေပြောခဲ့ပါတယ်။ ” ဒီလောက်လှတဲ့ မိန်းကလေးတစ်ယောက်က ဒီလိုအလုပ်မျိုးကို ဘာလို့လုပ်နေတာလဲ” ဆိုပြီး ပြောခဲ့ပါတယ်။ Ojanoက သူမအလုပ်ကို သူမတန်ဖိုးထားတယ်။ ဒီ့ထက် မက်မောစရာကောင်းတဲ့အလုပ်တွေ အများကြီးရှိတာသိပေမယ့် သူမဒီအလုပ်လုပ်ရတာ စိတ်ချမ်းသာတယ်လို့ ပြောခဲ့ပါတယ်။ သူမကို အတွင်းစိတ်ရော အပြင်ပန်းပါလှတဲ့မိန်းကလေးအဖြစ် အားလုံးကချီးကျုးကြတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။