ပထမဆုံးမို့ အခက်အခဲတွေရှိပေမယ့် အကောင်းဆုံးကြိုးစားဖြစ်တယ်လို့ဆိုတဲ့ ထွန်းကိုကို

416956_414705318583357_271678596_n.jpg

မော်ဒယ်ကနေ သရုပ်ဆောင်ဘက် ခြေလှမ်းလာတဲ့ ထွန်းကိုကိုနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုနဲ့ အတူ သူ့ရဲ့သရုပ်ဆောင်ပညာနဲ့ ပတ်သက်ပြီး ခုလို မေးကြည့်ဖြစ်တဲ့အခါ ‘အခုလတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဥာဏ်ရည်ဝှက်တမ်းဆိုတဲ့ ကားလေးကို စံရတီမိုးမြင့်နဲ့ ရိုက်ကူးနေပါတယ်။ ဒီကားထဲမှာ မင်းသမီး၂ ယောက်က စီးပွားပြိုင်ဖက်၊ ပန်းချီကားကို လေလံဆွဲတဲ့ ဇာတ်ကားမျိုးပေါ့။ ပြီးရင်ပန်းချီကားတွေ အလဲအလှယ်လုပ်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးပါ။ အနုပညာနဲ့ပတ်သတ်တာတွေ အကုန်ဝါသနာပါတယ်။ အခုဆို ဗီဒီယိုဘက်ကို ခြေလှမ်းစနေပြီ ဆိုတော့ အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားဖြစ်တယ်။ သရုပ်ဆောင်အကြီးတွေ ကတော့ ဆွဲပြီးခေါ်ပေးတယ်။ သေချာလဲ သင်ပေးတယ်။ အခုရိုက်နေတဲ့ကားလေးတွေက ဇာတ်စုံတယ်လို့တော့ ပြောလို့ရတယ်။ တချို့ကာရိုက်တာတွေဆို ခက်ခဲတယ်။ ဒါပေမဲ့ ခက်ခဲမှလဲ ဇာတ်ရှိန်တက်မှာလေ။ ငိုတာတွေ၊ မာတာတွေကတော့ ခက်ခဲတယ်ပေါ့။ ပထမဆုံးကားကတော့ သိပ်မလုပ်နိုင်ဘူး။ ခက်ခဲတယ်ပေါ့နော်။ ပထမဆုံးဆိုတော့ အခက်အခဲတွေရှိခဲ့ တယ်’လို့ သူက ပြောပြခဲ့ပါတယ်။

Photograph – Lin Tun (leopard photography)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.