စိတ်လှုပ်ရှားစရာဂိမ်းတစ်ပွဲကစားနေသလို ခံစားရမယ့် ” JUMANJI 2 ”

”Jumanji: Welcome to the Jungle ” ရုပ်ရှင်ဟာ အမေရိကန်
3D action adventure ဖြစ်ပြီး ဒါရိုက်တာ Jake Kasdan နဲ့
ဇာတ်ညွှန်း Chris McKenna, Erik Sommers, Scott Rosenberg, Jeff Pinkner တို့ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကား
အတွက် ၂ဝ၁၄သြဂုတ်လ ၁၁ရက်နေ့မှာ ကွယ်လွန်သွားတဲ့ Robin Williamsကိုလည်း ဂုဏ်ပြုချီးကျုးခဲ့ပါတယ်။ ၂ဝ၁၈ ဇန်နဝါရီလ (၈)ရက်နေ့ဆို ရုံတင်ပြသပြီလို့သိရပါတယ်။

ဇာတ်လမ်းအကျဉ်း
ကျောင်းမြေအောက်ခန်းတစ်ခုကို ကျောင်းသားအုပ်စုတစ်စု
ဝင်ရောက်ရှင်းလင်းရာကနေ Jumanji ဆိုတဲ့နာမည်နဲ့ ဗီဒီယိုဂိမ်း
တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ မှော်ဆန်စွာနဲ့ ထိုဗီဒီယိုဂိမ်းထဲက တောအုပ်
ကြီးထဲ ကျောင်းသားတွေအကုန်တကယ်ရောက်သွားပြီး အန္တရာယ်တွေ
နဲ့ရင်ဆိုင်တိုက်ခိုက်ရပုံကို စိတ်လှုပ်ရှားစရာအပြည့်ရိုက်ကူးထားတာဖြစ်ပါတယ်။

7 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.