ပလက်စတစ်ဆာဂျရီလုပ်ရင်းမတော်တဆမှုဖြစ်ခဲ့တဲ့အကြောင်း ပြောပြခဲ့တဲ့နာမည်ကြီးမော်ဒယ်လ် Lee Haneul

နာမည်ကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အပြင် lingerie အွန်လိုင်းစတိုးဆိုင်စီအီးအို တစ်ယောက်ဖြစ်တဲ့ Lee Haneulဟာ သူမရဲ့ ကြောက်စရာကောင်းတဲ့ပလက်စတစ်ဆာဂျရီ မတော်တဆမှုကို ဗီဒီယိုကနေတစ်ဆင့် ပရိသတ်တွေကိုအသိပေးပြောကြားခဲ့ပါတယ်။

မော်ဒယ် Lee Haneul ကသူမရဲ့ နှာခေါင်းကိုပြင်ဖို့ဆုံးဖြတ်ခဲ့တာပါ။ ပလက်စတစ်ဆာဂျရီ လုပ်ပြီးတဲ့အချိန်မှာကြုံတွေ့ရတာကတော့ သူမရဲ့ နှာခေါင်းထဲမှာထည့်ထားတဲ့စီလီကွန်က တစ်ဖက်ကိုစောင်းပြီးကွေးညွတ်လာတယ်လို့ပြောပြခဲ့ပါတယ်။တဖြည်းဖြည်းနဲ့လေးလာပြီးအောက်ကိုပြုတ်ကျမလို၊သူမနှာခေါင်းထဲမှထွက်ကျတော့မလိုတောင်ဖြစ်ခဲ့ပါတယ်။အဲ့ဒါကြောင့်ဆေးရုံကို ချက်ချင်းသွားပြခဲ့ပါတယ်။နောက်ထပ်တစ်ခုဟာလည်း အဲ့ဒီလိုမျိုးပဲဖြစ်နေတဲ့အတွက် သူမကလန့်သွားပြီး လုံးလုံးလျားလျားဖယ်ထုတ်ပစ်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်။သူမရဲ့ နှာခေါင်းပြန်ပြီးမှန်မှန်ကန်ကန်ရစေဖို့ ပလက်စတစ်ဆာဂျရီ၎ခုတောင်လုပ်ခဲ့ရပါတယ် လို့ထပ်ပြီးပြောပြခဲ့ပါတယ်။

ပရိသတ်တွေကိုအကြံတစ်ခုလည်းပေးထားပါသေးတယ်။အဲ့ဒါကတော့ ဘယ်သူမှ ဒီလိုမျိုးပြုပြင်ပြောင်းလဲမှုကိုစိတ်မကူးကြဖို့၊မလုပ်ကြဖို့ သတိပေးထားတာပါ။ခွဲစိတ်ပြုပြင်မှုတိုင်းမှာ ဆိုးဝါးတဲ့အကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတဲ့အကြောင်းကိုသူမက စေတနာထားပြီးပြောပြပေး ခဲ့တာဖြစ်ပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.