ဗီတာမင်စီက ကျန်းမာရေးအတွက်ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲ

ကျန်းမာရေးညီညွတ်ပြည့်စုံဖို့ ဗီတာမင်စီလိုအပ်ပါတယ်။ကျန်းမာရေးအတွက်သာမက အလှအပအတွက်လည်းအကျိုးရှိစေပါတယ်။ဗီတာမင်စီက သင့်ရဲ့ကျန်းမာရေးနဲ့အလှအပအတွက် ဘယ်လိုအကျိုးကျေးဇူးတွေဖြစ်စေတယ်ဆိုတာပြောပြပေးသွားပါမယ်။

၁။ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတယ်

ဗီတာမင်စီက သင့်ခန္ဓာကိုယ်ထဲက အလုပ်လုပ်တဲ့ဆဲလ်တွေကိုပိုပြီး တိုးတက်ကောင်းမွန်စေ ပါတယ်။နေမကောင်းဖြစ်တဲ့အခါမှာ ဗီတာမင်စီပါဝင်တဲ့ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံ့တွေများများစားပေးရင် ရောဂါတစ်ဝက်သက်သာစေပါတယ်။

၂။ကိုယ်အလေးချိန်ကျဆင်းစေတယ်

ဗီတာမင်စီရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။ ဗီတာမင်စီကအင်ဆူလင်ဓာတ်ကိုလျှော့ချပေးတဲ့အတွက်သကြားဓာတ်ကိုမျှတစေပြီး ကယ်လိုရီကိုလောင်ကျွမ်းစေပါတယ်။

၃။စိတ်ဖိစီးမှုကိုလျှော့ချပေးတယ်

စိတ်ဖိစီးမှုကိုလျှော့ချပေးတဲ့နည်းလမ်းများစွာရှိပါတယ်။အဲ့ဒီထဲကနည်းလမ်းတစ်ခုကတော့ဗီတာမင်စီပါဝင်တဲ့အစားအစာတွေစားပေးရတာပါ။အစာစားပြီးစိတ်ဖိစီးမှုလျှော့ချပေးနိုင်တဲ့အတွက်လွယ်ကူတဲ့နည်းလမ်းလေးတစ်ခုပါ။ကျန်းမာရေးနဲ့လည်းညီညွတ်စေပါတယ်။

၎။အသားအရည်ကြည်လင်စေတယ်

အသားအရည်တွေကခြောက်သွေ့နေတယ်လို့ခံစားနေရရင်တစ်ပတ်လောက်ဗီတာမင်စီပါဝင်တဲ့အသီးအနှံတွေ၊အရွက်တွေစားကြည့်ပါ။သင့်ရဲ့ အသားအရည်ကသိသိသာသာကြည်လင် ၀င်းပလာတာကိုမြင်တွေ့ရမှာပါ။

၅။ဆီးချိုရောဂါကိုကာကွယ်ပေးတယ်

ဗီတာမင်ဓာတ်ဟာ သွေးထဲမှာသကြားဓာတ်များလို့ဖြစ်တဲ့ဆီးချိုရောဂါ ကို ကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင်စီပါဝင်တဲ့အစားအစာတွေကိုနေ့တိုင်း ပုံမှန်စားသောက်ပေးရင်ဆီးချိုရောဂါကိုလည်းကာကွယ်ပြီးသားဖြစ်မှာပါ။

၆။နှလုံးရောဂါကိုကာကွယ်ပေးတယ်

နှလုံးရောဂါဟာ အသံတိတ်လူသတ်သမားဖြစ်ပါတယ်။ အချိန်မရွေးနှလုံးထဖောက်နိုင် ပါတယ်။အဲ့ဒီလိုတွေမဖြစ်အောင် ဗီတာမင်စီကကာကွယ်ပေးပါတယ်။နေ့တိုင်း စားနေတဲ့အစားအသောက်ထဲမှာ ဗီတာမင်စီပါဝင်တဲ့အစားအစာတွေထည့်ပြီးစားပေးသ့င်ပါတယ်။

၇။ကင်ဆာရောဂါကိုကာကွယ်ပေးတယ်

ဗီတာမင်စီဟာ အဓိကအားဖြင့်ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုတဲ့ ဓာတ်တစ်မျိုးပါ။ဆီးချိုရောဂါ၊နှလုံးရောဂါအပြင်ကင်ဆာရောဂါများကိုလည်းကာကွယ်ပေးနိုင်ပါတယ်။မှန်ကန်တဲ့နေထိုင်စားသောက်မှုပုံစံရှိရင် ရောဂါတော်တော်များများကိုကာကွယ်ပြီးသား ဖြစ်စေပါတယ်။

59 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.