အောက်တိုဘာလမှာ စစ်မှုထမ်းဆောင်ဖို့ စာရင်းပေးလိုက်ပြီဖြစ်တဲ့ မင်းသားချော Kim Soo Hyun

ကိုရီးယားမင်းသားချောလေး Kim Soo Hyun ဟာ အောက်တိုဘာ ၂၃ရက်နေ့မှာစစ်မှုထမ်းဖို့စာရင်းပေးလိုက်ပြီလို့သိရပါတယ်။

“မင်းသား Kim Soo Hyun ဟာ အောက်တိုဘာ၂၃ရက်၊တနင်္လာနေ့မှာ စစ်မှုစတင် ထမ်းဆောင်ဖို့ သွားမှာပါ။နိုင်ငံသားတစ်ယောက်အနေနဲ့ မင်းသားက သူ့ရဲ့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရမယ်လို့ယုံကြည်ထားပါတယ်။ပြီးတော့ မင်းသားဟာ စစ်မှုထမ်းဆောင် မယ့်ရက် မရောက်ခင် အခြေခံသင်တန်းကျောင်းကို ၅ပတ်ကြာတက်ရောက်ဖို့သွားပါလိမ့်မယ်။ သူ့အတွက်အားပေးပြီး စစ်မှုထမ်းတာဝန်ကိုအကောင်းဆုံးထမ်းဆောင်နိုင်အောင် ဆုတောင်းပေးကြဖို့ ပရိသတ်တွေကိုတောင်းဆိုပါတယ်” လို့ မင်းသားရဲ့အေဂျင်စီကုမ္ပဏီဖြစ်တဲ့ Key East က အတည်ပြုပြောကြားခဲ့ပါတယ်။

မင်းသားချော Kim Soo Hyunဟာ မင်းသမီးဂျန်ဂျီဟွန်းနဲ့တွဲဖက်ပြီးရိုက်ကူးခဲ့တဲ့ My Love From The Star ဇာတ်ကားနဲ့ပရိသတ်တွေရဲ့ အားပေးမှုအထူးရရှိခဲ့တဲ့မင်းသား တစ်လက်ပါ။ ၂၀၁၇မှာလည်း   Real ဆိုတဲ့ ဗီဒီယိုဇာတ်ကားတစ်ကားရိုက်ကူးထားတယ်လို့သိရပါတယ်။

 

275 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.