အချစ်ရေးနဲ့ပတ်သတ်ပြီး လေ့လာချက်များစွာရှိပါတယ်။
အတော်များများက ချစ်သက်တမ်းကြာရှည်အောင် ဘယ်လိုတည်
ဆောက်ရမလဲဆိုတဲ့ အပေါ်မှာပဲအာရုံစိုက်ထားကြပါတယ်။
စိတ်ချင်းမတူညီတဲ့ သူစိမ်းနှစ်ယောက် ချစ်ကျွမ်းဝင်ကြတဲ့အခါ
အစပိုင်းမှာတော့ ကြည်နူးရပေမယ့် အချိန်တွေကြာတဲ့အခါ
ဘာကြောင့် ပြဿနာတွေတက်လာရလဲဆိုတာ အဓိကအကြောင်းရင်းက (၄)မျိုးပဲရှိပါတယ်။
ဘယ်အရာတွေကြောင့် ကိုယ့်ကိုလူတစ်ယောက်စိတ်ပျက်သွားရ တာလဲ? စိတ်ပညာရှင် Dr.John Gottman က စုံတွဲတွေအကြောင်းကို နှစ်ပေါင်းများစွာလေ့လာခဲ့ပါတယ်။ စုံတွဲတွေကြားမှာဖြစ်လေ့ ဖြစ်ထရှိတဲ့ ပြဿနာတွေကို သုံးသပ်ခဲ့ပါတယ်။
၁။ ချစ်သူကို ဝေဖန်လွန်းခြင်း
ဘယ်သူမှ မပြည့်စုံပါဘူး။ သင်ဟာ ချစ်သူအပေါ်လိုတာထက်ပိုပြီး
ဝေဖန်နေပြီဆိုရင် သူသင့်ကိုတစ်နေ့မဟုတ် တစ်နေ့ထားသွားပါ
လိမ့်မယ်။ ဝေဖန်ခြင်းဟာ ခန္ဓာကိုယ်ကိုထိခိုက်နာကျင်အောင်
လုပ်လိုက်တာမဟုတ်ပေမယ့် စိတ်ထဲမှာတော့ ဒဏ်ရာအမြစ်တွယ်
တတ်ပါတယ်။ ကိုယ်ကပြောလိုက်ပေမယ့် ခံရတဲ့လူဘက်က
ဘယ်လောက်နာကျင်သွားမလဲဆိုတာ မှန်းဆလို့မရပါဘူး။
သူ့ရဲ့အမှားကို ထောက်ပြတဲ့အခါ အထူးဂရုစိုက်ဖို့လိုပါတယ်။
၂။လေးစားမှုမရှိတော့ခြင်း
ချစ်သူနှစ်ဦးကြား လေးစားမှုဆိုတာမရှိတော့ရင် အချိန်အနည်းငယ်
အတွင်း အဆုံးသတ်တော့မှာပါ။ လေးစားမှုမရှိတော့ရင် လူတစ်
ယောက်ကို အသားနာအောင်ရိုက်နှက်တာထက် အဆပေါင်းများစွာ
နာကျင်စေပါတယ်။ ချစ်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက်
ရင်းနှင်းပြီး ပွင့်လင်းလာတဲ့အခါ ပြောမနာ၊ ဆိုမနာဖြစ်လာပေမယ့်
တစ်ယောက်ခံစားချက်ကို အခြားတစ်ယောက်က တန်ဖိုးထားပေးဖို့လိုပါမယ်။
၃။ အငြင်းသန်လွန်းခြင်း
အငြင်းသန်လွန်းတဲ့လူကို ဘယ်သူကမှအဖက်လုပ်
စကားမပြောချင်တော့မှာမဟုတ်ပါဘူး။ ဘာပဲပြောပြော သူသိတာကိုပဲ ငြင်းနေမှာမို့လို့
လူတွေက ရှောင်ဖယ်လာပါလိမ့်မယ်။ အငြင်းသန်လွန်းတဲ့လူကို
ချစ်သူတော်ထားမိတယ်ဆိုရင်တော့ သင်ကံဆိုးပါပြီ။ တွဲရင်း
ကိုယ့်ချစ်သူမှာ ဘယ်လိုစရိုက်လက္ခဏာတွေရှိလဲဆိုတာ သေချာ
ဆန်းစစ်ပါ။ သင်တို့နှစ်ယောက်ကြား ဆက်ဆံရေးဟာ ကြာလေ
ပိုရှုပ်လေဖြစ်လာပါလိမ့်မယ်။
ချုပ်ချယ်လွန်းခြင်း
လူတိုင်းမှာ ကိုယ့်လွတ်လပ်ပိုင်ခွင့်နဲ့ ကိုယ်ရှိတယ်။ သားသမီးနဲ့
မိဘကြားမှာတောင် မိဘတွေက အချိန်တိုင်းအတာတစ်ခုထိပဲ
သားသမီးကိုချုပ်ချယ်လို့ရပါမယ်။ အတောင်စုံရင်တော့ ပျံသွားကြမှာ
ချည်းပါပဲ။ ဆိုလိုတာက မိဘတောင် သားသမီးကိုမနိုင်ပါဘူး။
သာမာန် သမီးရည်းစားစုံတွဲတစ်ခုမှာ ချစ်သူကို သွားချုပ်ချယ်ရင်
ကြာရင် ဘယ်သူကမှ ဒဏ်ခံနိုင်မှာမဟုတ်ပါဘူး။ အများအားဖြင့်
မိန်းကလေးတွေက ပိုချုပ်ချယ်ချင်ကြပါတယ်။ ကိုယ့်ကိုချုပ်ချယ်တာ
လည်းမကြိုက်ရင် သူများလည်းမချုပ်ချယ်ပါနဲ့။
ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။