လက်ဖက်ရည်ဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် ဒုတိယ
အကောင်းဆုံးဖျော်ရည်ဖြစ်ပါတယ်။ လက်ဖက်ရည်အမျိုးစားတွေက
တော့ များစွာရှိပါတယ်။ လက်ဖက်ရည်ပူ (သို့) လက်ဖက်ရည်အေးကို
ခရင်မ်တွေ၊ ဂျင်လီလေးတွေနဲ့ တွဲဖက်သုံးဆောင်ကြပါတယ်။
ရနံ့မွှေးရုံတင်မက ၊ လန်းဆန်းတက်ကြွစေပြီး ကျန်းမာရေးအတွက်
လည်း များစွာအထောက်ကူပြုနိုင်ပါတယ်။
လက်ဖက်ရည်သောက်ရင် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေက –
Antioxidants
လက်ဖက်ရည်မှာ Antioxidants ပါဝင်တဲ့အတွက် ကင်ဆာနဲ့
အခြား နှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုကင်းဝေးစေပါတယ်။
ကဖိန်းဓာတ်နည်းခြင်း
ကိုယ့်ကိုယ်ကို ကဖိန်းဓာတ်တွေအရမ်းများနေတယ်လို့ ခံစားရရင်
လက်ဖက်ရည်သောက်သုံးပေးပါ။ လက်ဖက်ရည်တစ်ခွက်မှာ
ကဖိန်းဓာတ်က 40mg ပါပေမယ့် ကော်ဖီတစ်ခွက်မှာကျ
ကဖိန်းဓာတ် 90mg လောက်ပါဝင်ပါတယ်။
အလေးချိန်ထိန်းသိမ်းပေးခြင်း
လေ့လာမှုများအရ ကယ်လိုရီနည်းတဲ့ လက်ဖက်ရည်ကိုသောက်သုံး
ပေးရင် ခန္ဓာကိုယ်အလေးချိန် ထိန်းညှိပေးနိုင်တယ်လို့သိရပါတယ်။
လက်ဖက်ရည်မှာ flavonoids ပါဝင်ရင် ခန္ဓာကိုယ်ဇီဝပြောင်းလဲမှု
ကိုတိုးတက်စေပြီး အင်ဆူလင်းကောင်းမွန်စေပါတယ်။
အရိုးဆစ်သန်မာ
လက်ဖက်ရည်သောက်သုံးပေးရင် အရိုးဆစ်တွေ ပိုခိုင်မာနိုင်တယ်လို့
သိရပါတယ်။ လက်ဖက်ရည်လုံးဝမသောက်သုံးသူထက် လက်ဖက်
ရည်သောက်သုံးရဲ့ အရိုးကပိုမိုသန်မာကြောင်း လေ့လာချက်များမှာ
ဖော်ပြထားပါတယ်။ လက်ဖက်စိမ်းက အရိုးကိုပိုမိုသန်မာစေတဲ့
အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။ အသက်(၅ဝ)ကျော်သွားရင်
လူတိုင်း လက်ဖက်ရည်တစ်ခွက်ပုံမှန်သောက်သုံးပေးသင့်တယ်လို့ အကြံပြုထားပါတယ်။
ခံတွင်းကောင်းစေ
လက်ဖက်ရည်က ပါးစပ်ထဲရှိ ပိုးမွှားတွေကိုသေဆုံးစေပါတယ်။
black tea က ပိုပြီး ခံတွင်းထဲရှိ ဘတ်တီးရီးယားတွေကို တိုက်ထုတ်
ပေးနိုင်ပါတယ်။
ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်
လေ့လာမှုပေါင်း ၃ဝဝဝကျော်အရ သုတေသီတွေ အကြံပေးထားတာ
က တစ်နေ့ကိုပုံမှန် လက်ဖက်ရည်တစ်ခွက်သောက်ပေးမယ်ဆို
ကင်ဆာဖြစ်နိုင်တဲ့ ဆဲလ်တွေကို အကုန်ဖျက်ဆီးပေးနိုင်တယ်လို့
သိရပါတယ်။
အစာခြေစနစ်လည်းကောင်းမွန်
လက်ဖက်ရည်က အစာခြေစနစ်ကိုဖြေရှင်းပေးနိုင်ပြီး လေလည်ခြင်း
ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။