ချစ်သူအတွက်ရိုမန်တစ်ဖြစ်စေမယ့် မွေးနေ့လက်ဆောင်ပေးဖို့စဥ်းစားနေရင် ဒီလက်ဆောင်တွေကိုမမေ့ထားနဲ့နော်

ကိုယ့်ရဲ့ ချစ်သူမိန်းကလေးအတွက်မွေးနေ့လက်ဆောင်ပေးဖို့ဆိုရင် ဘယ်သူမဆို အကောင်းဆုံး ကိုပဲပေးချင်ကြမှာပါ။ဒါပေမဲ့မိန်းကလေးတွေကတော့တန်ဖိုးကြီးလက်ဆောင်တွေထက် သူတို့ကိုပျော်ရွှင်စေမယ့်အမှတ်တရတွေဖန်တီးပေးတာကိုပိုပြီးလိုချင်ကြပါတယ်။ အဲ့ဒါကြောင့်ရိုမန်တစ်လည်းဖြစ်စေမယ်၊ချစ်သူကိုလည်းပျော်ရွှင်စေချင်တယ်ဆိုရင် ဒီလက်ဆောင်တွေထဲကရွေးချယ်လိုက်ပါ။

၁။မိတ်ကပ်ပစ္စည်းလက်ဆောင်ပေးပါ

မိတ်ကပ်ပစ္စည်းလက်ဆောင်ပေးမယ်ဆိုရင် သူမအပြင်သွားတိုင်းလိမ်းခြယ်ရမှာဖြစ်တာကြောင့် မိတ်ကပ်လိမ်းခါနီးတိုင်းသင့်ကိုသတိရနေပါလိမ့်မယ်။

၂။မိသားစုနဲ့တိုင်ပင်ပြီးစပရိုက်စ်မွေးနေ့လုပ်ပါ

သင့်ရဲ့ချစ်သူမိသားစုနဲ့တိုင်ပင်ပြီးသူမအလုပ်ကပြန်လာတဲ့အခါ အံ့သြ၀မ်းသာသွားအောင် မွေးနေ့ပွဲပြင်ဆင်ထားပေးပါ။ပန်းလှလှလေးတွေလည်းယူလာဖို့မမေ့ပါနဲ့။မိန်းကလေးတွေက သူတို့ကိုကြိုတင်မပြောပဲစပရိုက်စ်လုပ်ခံရတာကိုအရမ်းကျေနပ်ဝမ်းသာကြပါတယ်။

၃။သေဘာၤေပၚမွာညစာစားပါ

သင့်ရဲ့ ချစ်သူမွေးနေ့အတွက် ဇိမ်ခံသဘောင်္ပေါ်မှာညစာစားဖို့ကြိုပြီးဘွတ်ကင်လုပ်ထားပါ။မြစ်လေ ကိုရှုရှိုက်ရင်းအရင်တုန်းကအမှတ်တရအကြောင်းတွေပြန်ပြောပြီးသင့်ရဲ့ချစ်သူကိုပျော်ရွှင်စေပါ။

၎။ဒိုင်ယာရီစာအုပ်လက်ဆောင်ပေးပါ

ဒိုင်ယာရီစာအုပ်ဆိုပေမဲ့ ဒီတိုင်းအလွတ်မဟုတ်ပါဘူး။သင့်ရဲ့ ချစ်သူနဲ့စတွေ့တဲ့နေ့ရယ်၊ အမှတ်တရတွေ၊ဓာတ်ပုံတွေကိုစာအုပ်ထဲမှာ လှပစွာရေးကပ်ပြီး လက်ဆောင်ပေးပါ။သင့်ရဲ့ ချစ်သူကလည်း သူ့ကိုအလေးအနက်ထားပြီးချစ်တယ်ဆိုတာသိပြီး ပျော်ရွှင်ကျေနပ်နေမှာပါ။

၅။ဂါဝန်လှလှလေးတစ်ထည်ဝယ်ပေးပါ။

အကျီလှလှလေးတွေကိုမိန်းကလေးတိုင်းနှစ်သက်ကြပါတယ်။သူမအတွက်ဂါဝန်လှလှလေးတစ်ထည်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးပါ။ သင့်မှာမိန်းကလေးသူငယ်ချင်းတွေရှိရင် သူတို့ကိုလိုအပ်တဲ့ အကူအညီတောင်းပါ။မမျှော်လင့်ထားတဲ့လက်ဆောင်ကြောင့်သင့်ရဲ့ ချစ်သူအရမ်းပျော်ရွှင်သွားမှာသေချာပါတယ်။

၆။ပန်းစည်းနဲ့ကဗျာ

ပန်းစည်းလှလှလေးနဲ့ပို့စကတ်မှာ  သူမအတွက်ရည်ညွန်းတဲ့ကဗျာတစ်ပုဒ်ရေးပြီး လက်ဆောင်ပေးမယ်ဆိုရင် ရိုမန်တစ်ဆန်ပြီး သူမအတွက်လည်းပြီးပြည့်စုံတဲ့မွေးနေ့လေးဖြစ်မှာပါ။

89 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.