ပြီးခဲ့တဲ့ စနေနေ့က အွန်ဒရာရက်ဂ်ျပယ်လာကို (၃)ချီနဲ့ အလဲထိုးခဲ့ပြီးတဲ့နောက် ယုံကြည်မှုတွေမြင့်မားလွန်းနေ တဲ့ လက်ဝှေ့ကျော် ဒါရက်ချီဆိုရာက ဒေးဗစ်ပရိုက်စ်အနေနဲ့ သူ့ကိုယှဉ်ထိုးရဲမယ်လို့ မထင်သလို ထိုးနိုင်တဲ့အ ခြေအနေမှာလည်း မရှိနိုင်သေးပါဘူးလို့ လူသိရှင်ကြားပြောလာခဲ့ပါပြီ။ ချီဆိုရာအဖို့ အခုအလဲထိုးပွဲအပါအ၀င် ၂၀၁၃အတွင်းမှာ ထိုးခဲ့ခဲ့(၄)ပွဲစလုံးကို အလဲထိုးတွေချည်းနိုင်ခဲ့တာကြောင့်လည်း ဒီလောက်အထိ ၀င့်ကြွားနေ ရတာဖြစ်ပါလိမ့်မယ်။ ချီဆိုရာရဲ့ ပွဲစီစဉ်သူ ဖရန့်ဝါရင်ဟာ အခုဆိုရင် ဒေးဗစ်ပရိုက်စ်နဲ့ပွဲအတွက် ၂၀၁၄ခုနှစ်ခပ် စောစောပိုင်းမှာ ဖြစ်မြောက်ဖို့ကြိုးစားလျက်ရှိနေပါတယ်။ ဒါပေမယ့် ချီဆိုရာကတော့ လာမယ့်ဒီဇင်ဘာ(၁၄)မှာ ဂျာမနီကိုသွားပြီး အိဗ်ဂျန်နီအော်လော့ဗ်နဲ့ ထိုးမယ့် ဒေးဗစ်ပရိုက်စ်ဟာ သူနဲ့ထိုးဖို့ အဆင်မပြေနိုင်သေးပါဘူးလို့ အခုလိုပြောလာခဲ့ပါတယ်။
“စာချုပ် တေ့တေ့ဆိုင်ဆိုင်ချုပ်ဖြစ်တော့မယ်ဆိုတဲ့အခါ ဒေးဗစ်ဘာပြောမလဲစောင့်ကြည့်ရအောင်။ လက်မှတ် ထိုးခဲ့မယ်ဆိုရင်တော့ပွဲဖြစ်ပြီပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့အမြင်အရပြောရရင် သူ့ကိုလှည့်ထွက်သွားဖို့ပြော ချင်ပါတယ်။ ပြေးဖို့ကိုပဲ ပြောမှာပါ။ အချိန်တန်မှ ပြန်လာခဲ့ပေါ့။ အခုကတော့ အချိန်မကျသေးဘူး။ ပြန်ပြီးလေ့ ကျင့်ဖို့အများကြီးလိုနေသေးတယ်။ အကောင်းဆုံးဖြစ်ပြီဆိုရင်ပြော။ အဲဒီကျ ထိုးကြတာပေါ့”လို့ (၂၉)နှစ်အ ရွယ် WBO International ဟဲဗီးဝိတ်ချန်ပီယံက ဒေးဗစ်ပရိုက်စ်ကို နှိမ့်ချပြောဆိုသွားခဲ့ပါတယ်။