အနာဂတ်ကိုဘယ်သူမှကြိုမတွေးနိုင်ပါဘူး။ဒါပေမဲ့ သင့်မှာရှိတဲ့အလေ့အကျင့်တွေကိုကြည့်ပြီး အနာဂတ်မှာအောင်မြင်မလား ကျဆုံးမလားဆိုတာ လေ့လာသိနိုင်ပါတယ်။အောက်မှာရေးထားတဲ့ အချက်တွေအားလုံး သင့်မှာရှိနေပြီဆိုရင်တော့ သင်ဟာ အနာဂတ်မှာအောင်မြင်တဲ့သူ တစ်ယောက်ဖြစ်လာမယ်ဆိုတာသေချာပါတယ်။
၁။အချိန်တိကျတဲ့သူ
သင်ကဘယ်ကိစ္စကိုပဲလုပ်လုပ်အချိန်မှန်အောင်လုပ်လေ့ရှိတယ်။တခြားသူတွေက နောက်ကျ လို့ရတယ် ပြောရင်တောင် ဂရုမစိုက်ပဲကိုယ့်ရဲ့ အလုပ်ကိုအချိန်အတိအကျပြီးအောင် လုပ်တဲ့သူမျိုးဟာ ကိုယ်ပိုင်အလုပ်လုပ်တဲ့အခါ၊တခြားသူတွေနဲ့အလုပ်အတူလုပ်တဲ့အခါ ပိုပြီးယုံကြည်ခံရပြီးအောင်မြင်တိုးတက်ဖို့အခွင့်အလမ်းများပါတယ်။
၂။ဆင်ခြေမပေးတဲ့သူ
ကိစ္စတစ်ခုမှားယွင်းလုပ်မိတဲ့အခါ အလွယ်တကူဆင်ခြေမပေးပဲ အကောင်းဆုံးပြန်ပြီးဖြေရှင်းနိုင်တဲ့ သူတစ်ယောက်ဟာ အလုပ်လုပ်တဲ့အခါမှာလည်း အထက်လူကြီးရဲ့ အရေးပေးမှုကိုခံရပါတယ်။
၃။တခြားသူတွေရဲ့ အောင်မြင်မှုကိုဂုဏ်ယူမယ်
သင်ဟာ သင့်ထက်တခြားသူတွေကပိုပြီးအောင်မြင်သွားတဲ့အခါမှာ မနာလိုစိတ်မရှိပဲသူတို့ရဲ့ အောင်မြင်မှုကိုဂုဏ်ယူစကားပြောပေးတဲ့သူမျိုးလား?အဲ့ဒါဆိုရင်တော့သင်ဟာ မနာလိုဝန်တိုစိတ်မရှိပဲ ကိုယ့်အလုပ်ကိုဖြောင့်ဖြောင့်တန်းတန်းအောင်မြင်အောင် လုပ်နိုင်မယ့်သူမျိုးဖြစ်လာမှာပါ။
၎။သင့်ကိုယ်သင်ဝေဖန်တဲ့သူ
လူတွေက သူများကိုသာဝေဖန်တတ်ကြပြီးကိုယ့်ကိုယ်ကိုဝေဖန်ဖို့တော့မေ့နေတတ် ကြပါတယ်။ကိုယ့်ရဲ့ အားသာချက်၊အားနည်းချက်တွေကိုပြန်ပြီးဆန်းစစ်ဝေဖန်မှ ပိုကောင်းအောင် လုပ်နိုင်မှာပါ။အဲ့ဒါကြောင့်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ရင်ကိုယ်ဟာ ဘယ်နေရာမှာ အသုံးဝင်လဲ၊ဘယ်နေရာတွေမှာသုံးလို့မရဘူးစသဖြင့်ဝေဖန်ဆန်းစစ်ပါ။
၅။ကိုယ့်ရဲ့ ပန်းတိုင်ကိုသိတဲ့သူ
အသက်တွေသာကြီးလာပေမဲ့ အခုချိန်ထိရည်မှန်းချက်ပန်းတိုင်က ဘယ်အရာလဲဆိုတာမသိသေးတဲ့သူတွေအများကြီးရှိပါတယ်။သင်က သင်လျှောက်ရမယ့်လမ်းကိုသိပြီး အဲ့ဒီလမ်းကိုသွားဖို့ကြိတင်ပြင်ဆင်ထားတယ်ဆိုရင် သင့်အတွက်အောင်မြင်မှုကလက်တစ်ကမ်းအကွာမှာပဲရှိပါတယ်။
၆။အချိန်မဖြုန်းတဲ့သူ
နောက်နေ့မှလုပ်မယ်ဆိုပြီး အချိန်တွေကိုဆွဲဆန့်ထားတာဟာမကောင်းတဲ့ အကျင့်ဆိုးတစ်ခုပါ။ အခုလုပ်ရမယ့်ကိစ္စတစ်ခုကို နေ့ရွေ့ညရွေ့လုပ်တာဟာ အလုပ်ကိုနှောင့်နှေးစေသလို တခြားသူရဲ့ အထင်သေးတာကိုလည်းခံရတတ်ပါတယ်။ဒါပေမဲ့သင်က အချိန်မဖြုန်းပဲလုပ်စရာရှိတာ ချက်ချင်းထလုပ်တဲ့သူဆိုရင်တော့ အနာဂတ်မှာသင်ကအရမ်းကိုအောင်မြင်လာနိုင်ပါတယ်။
၇။တာဝန်ယူတတ်တဲ့သူ
အောင်မြင်တဲ့သူတွေဟာ ကိုယ်လုပ်တဲ့အလုပ်ကိုအဆုံးထိတာဝန်ယူဖြေရှင်းကြတဲ့သူတွေပါ။ ပြဿနာတစ်ခုဖြစ်လာရင်ရှောင်ပြေးဖို့မကြိုးစားပဲတာဝန်ယူဖြေရှင်းတတ်တဲ့သူတစ်ယောက်ဟာ တခြားသူတွေရဲ့အထင်ကြီးလေးစားမှုကိုရရှိတဲ့အတွက် တာဝန်ယူစိတ်ရှိတာဟာ အောင်မြင်ခြင်းရဲ့ လမ်းစတစ်ခုပါပဲ။