ကိုယ်ဘယ်အချိန်တွေမှာ အစားတွေအများကြီးစားချင်စိတ်ဖြစ်လဲ
ဆိုတာ ခန့်မှန်းမိရဲ့လား? တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ
စားသောက်ခြင်းက သင့်ကိုအစားအများကြီး စားချင်စိတ်တွေလျော့ချပေးနိုင်ပါတယ်။
Brigham Young နဲ့ Colorado ပြည်နယ်မှ သုတေသီတွေရဲ့
လေ့လာချက်အရ အစားစားတဲ့အခါ ကိုယ့်ထမင်းဝါးသံ
ကိုယ်ပြန်ကြားနေရတဲ့သူ၊ ထမင်းမြိုချတာနဲ့ အခြားသူ
အစားစားတဲ့အသံကို ကြားနေရတဲ့သူတွေဟာ ရုပ်ရှင်ကြည့်ရင်း
သီချင်းနားထောင်တဲ့လူတွေထက် ထမင်းစားနည်းတယ်လို့သိရပါ
တယ်။ တကယ်တော့ အသံဟာ အစားစားခြင်းရဲ့အရေးကြီးဆုံး
အပိုင်းဖြစ်ပြီး အစားစားနေတဲ့အသံဟာ သင့်ခန္ဓာကိုယ်ရောက်သွားတဲ့
အစားစာပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။
နားကြပ်တပ်ထားတာတို့၊ ဆူညံ့နေတဲ့နေရာမှာ ထမင်းစားတဲ့
လူတွေဟာ အခြားလူတွေထက်ပိုပြီးအစားဝင်ပါတယ်။
ထိုလေ့လာချက်နဲ့ပတ်သတ်ပြီး ကျွမ်းကျင်ပညာရှင် Ryan Elder
က ပြန်လည်ရှင်းပြထားပါတယ်။
” တီဗီကြည့်ရင်း ထမင်းစားတယ်ဆို အာရုံက ရုပ်ရှင်ထဲပဲရောက်နေ
တော့ ကိုယ်ဘယ်လောက်ပမာဏစားလိုက်မိလည်းဆိုတာမသိဘူး။
သေချာတာတော့ ပုံမှန်စားနေကြထက် ပိုစားမိပါလိမ့်မယ်။ သူက
ချက်ချင်းတော့ သိသာမှာမဟုတ်ဘူး။ တစ်ပတ်၊ တစ်လကြာသည်
အထိ ဆက်တိုက် တီဗီကြည့်ရင်း ထမင်းစားကြည့်ပါ။ ကိုယ်အများကြီိး
စားမိနေတာကို သတိထားမိပါလိမ့်မယ် ”
ထမင်းစားတဲ့အခါ သတိလေးကပ်ပြီး ကိုယ်စားနေတဲ့ အသံကို
အာရုံစိုက်နားထောင်ပေးဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။