ဒီနှစ်အစောပိုင်းမှာ Nike နဲ့ စပွန်ဆာစာချုပ်ချုပ်ခဲ့ပြီးချိန်ကစလို့ ဆုဖလားတွေနဲ့ ဝေးနေခဲ့တဲ့ မြောက်အိုင်ယာလန် ဂေါက်ရိုက်သမား မက်အီလ်ရွိုင်းအတွက် ကျင်းပပြီးစီးသွားခဲ့တဲ့ သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ခြင်းဟာ သူ့အတွက်ရော ဈေးကြီးပေးပြီး နှစ်ရှည်စပွန်ဆာစာချုပ်ချုပ်ထားခဲ့တဲ့ Nike ကတာဝန်ရှိသူများအတွက်ပါ ကျေ နပ်စရာဖြစ်ခဲ့ရပါပြီ။ ဒီပြိုင်ပွဲမှာ ဒေသခံဂေါက်ရိုက်သမား အဒမ်စကော့က အထူးရေပန်းစားခဲ့တာဖြစ်ပေမယ့်လို့ မက်အီရွိုင်းက အထူးလက်စွမ်းပြကာ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ “ ကျွန်တော်က ဒီနိုင်ငံကိုလာပြီးတော့ အဒမ်စ ကော့ရဲ့ ပြည်တွင်းဆုဖလား(၃)လုံးရမယ့် ရည်မှန်းချက်ကို ဖျက်လိုက်သလိုဖြစ်သွားတယ်ဗျာ။ ဘယ်လိုပဲပြော ပြော ဒီလိုအနိုင်ယူတဲ့လမ်းကြောင်းကို နောက်နှစ်အထိ ဆက်ထိန်းသွားချင်ပါတယ်။ နှစ်စပိုင်းမှာ Nike နဲ့စာ ချုပ်ချုပ်လိုက်တော့ အတော့ကိုဝေဖန်ခဲ့ကြတယ်။ဒီတော့ အခုအောင်ပွဲက ဆက်တိုက်ဝေဖန်နေခဲ့ကြသူတွေ ကို အောင်မြင်မှုတွေနဲ့ ပါးစပ်ပိတ်အောင်လုပ်သွားပါ့မယ်။ အဒမ်လို မာစတာချန်ပီယံဖြစ်ထားပြီး ကမ္ဘာ့အကောင်း ဆုံးတွေထဲက တစ်ယောက်ကို အနိုင်ယူခဲ့ခြင်းက အတော့ကိုကောင်းတဲ့ခံစားမှုပါပဲ”လို့ သြစတြေးလျအိုးပင်း ချန်ပီယံက ပြောခဲ့ပါတယ်။
Nike နှင့် လက်တွဲပြီးနောက်ပိုင်း ပထမဆုံးဆုဖလားအဖြစ် သြစတြေးလျအိုးပင်းကို ရယူခဲ့တဲ့ မက်အီရွိုင်းလ်

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။