New York မှာ လူမျိုးစုံကိုတွေ့ရှိနိုင်ပြီးလည်ပတ်စရာနေရာတွေကလည်းအများကြီးပါ။ ခရီးသွားအများစုကိုဆွဲဆောင်နိုင်တဲ့နေရာကောင်းတစ်ခုလည်းဖြစ်တာကြောင့်ဒီ New Yorkကိုရောက်ရင် လုပ်ရမယ့်စာရင်းတွေကိုခုပဲမှတ်ထားလိုက်ဖို့အကြံပေးချင်ပါတယ်။
၁။Central Park
New York မြို့ရဲ့ ဆွဲဆာင်မှုရှိတဲ့နေရာတစ်ခုကိုပြပါဆိုရင် Central Park ပန်းခြံပါပဲ။ပန်းခြံက ၈၄၃ ဧကကျယ်ဝန်းပြီး စိတ်ဝင်စားစရာနေရာ ၊ကစားစရာတွေနဲ့ပြည့်နေပါတယ်။ စက်ဘီးလေးစီးပြီးပန်းခြံကိုလျှောက်လည်ရင်တော့ သာယာကြည်နူးစရာအချိန်လေးဖြစ်မှာပါပဲ။ စက်ဘီးကိုပန်းခြံထဲမှာငှားလို့လည်းရသလို တခြားအုပ်စုတွေနဲ့လည်းအတူသွားလို့ရနိုင်ပါတယ်။
၂။Grand Central Terminal
ဒီမီးရထားရုံကတော့ ကမ္ဘာပေါ်ကအကောင်းဆုံးမီးရထားရုံတွေထဲက တစ်ခုပါ။ New York ရဲ့ နှလုံးသားလို့တောင်တင်စားကြပါတယ်။စားသောက်ဆိုင်တွေ၊စတိုးဆိုင်တွေအများကြီးရှိပြီး ဈေးတစ်ခုလိုစည်ကားပါတယ်။အဆောက်အအုံရဲ့ ဗိသုကာလက်ရာတွေကိုလည်း တစ်ဝကြီးလေ့လာလို့ရမှာပါ။
၃။American Museum of Natural History
New York မှာမိုးရွာတဲ့နေ့တောင်လည်ပတ်စရာနေရာရှိပါတယ်။ အနုပညာပြတိုက်တွေ ၊သမိုင်းဝင်ပြတိုက်တွေအများကြီးရှိလို့ အဲ့ဒီထဲကိုဝင်ရောက်လေ့လာနိုင်ပါတယ်။ American Museum of Natural Historyဟာ ကမ္ဘာပေါ်မှာလည်ပတ်သူအများဆုံးသမိုင်းဝင်ပြတိုက် တစ်ခုဖြစ်သလို အကြီးဆုံးပြတိုက်တွေထဲကတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒိုင်နိုဆောရုပ်ကြွင်းကိုလည်း သွားရောက်လေ့လာနိုင်ပါတယ်။ တခြားသက်ရှိတွေရဲ့ရုပ်ကြွင်းတွေလည်း အများကြီးရှိတဲ့အတွက် စိတ်ဝင်စားစရာသမိုင်းကြောင်းတွေကလည်းအပြည့်ပါပဲ။
၎။Highline
New York မြို့မှာရှိတဲ့ပန်းခြံတစ်ခုပါ။ထူးခြားတာက အဲ့ဒီပန်းခြံဟာ မီးရထားလမ်းဟောင်းနဲ့ ကပ်ရပ်လုပ်ထားပြီး အဲ့ဒီပန်းခြံကိုသွားဖို့ဓာတ်လှေကားလည်းစီးရပါသေးတယ်။ ခုံတန်းတွေမှာအနားယူနိုင်ပြီး New York ရဲ့ ကားလမ်းတွေ၊လမ်းသွယ်တွေကို လည်းကြည့်လို့ရပါတယ်။ အပင်တွေမျိုးစုံလည်းစိုက်ပျိုးထားလို့အရိပ်ရပြီး နားအေးပါးအေးနေချင်သူတွေအကြိုက်ပါပဲ။New York ကိုရောက်ရင်ဒီနေရာကိုလည်းသွားဖို့မမေ့နဲ့နော်။
၅။Coney Island
New York ကိုရောက်ရင် ဒီပင်လယ်ကျွန်းလေးကိုလည်းမေ့ထားလို့မရပါဘူး။ပင်လယ်ကမ်းခြေရဲ့ အလှကိုမြင်တွေ့နိုင်သလို စားသောက်ဆိုင်တွေလည်းအများကြီးရှိပါတယ်။ ရိုလာကိုစတာ၊၁၉၂၇တည်းက ဆောက်လုပ်ထားတဲ့ Wooden Coaster လည်းရှိပါတယ်။နွေရာသီဆိုရင်တော့လူတွေပြည့်နေမှာအသေအချာပါပဲ။
၆။Fifth Avenue
ကမ္ဘာပေါ်မှာလူသိများဆုံးလမ်းလို့တောင်ပြောလို့ရပါတယ်။အဲ့ဒီလမ်းတစ်လျှောက်မှာ ဇိမ်ခံပစ္စည်းမျိုးစုံ၊ပြတိုက်တွေ၊ခမ်းနားလှတဲ့တိုက်ခန်းတွေ၊ဈေးအကြီးဆုံးဆိုတဲ့ဆိုင်ခန်းတွေကိုတွေ့မြင်နိုင်ပါတယ်။ကမ္ဘာပေါ်မှာဈေးအကြီးဆုံးလမ်းလို့တောင်တစ်ချို့ကတင်စားကြပါတယ်။New York ရောက်တဲ့အခါ Shopping ထွက်ဖို့ တကယ့်ကိုမျက်စိကျစရာနေရာတစ်ခုပါပဲ။