တစ်နေ့ကို ငါးမိနစ်အချိန်ပေးရုံနဲ့ခါးတစ်ဝှိက်ကအဆီတွေကျစေမယ့် လျှို့ဝှက်ချက်

ခါးတစ်ဝှိက်မှာအဆီတွေရှိတာ စိတ်ညစ်စရာပါ။ ခါးနားတင်မဟုတ် ၊
ဗိုက်တို့ ပေါင်တို့ အစရှိသဖြင့် အဆီတွေစုဝေးလွယ်တဲ့နေရာလေးတွေကို
နှိပ်နယ်ပေးရုံနဲ့ အဆီတွေလျော့ချစေမယ့် လျှို့ဝှက်ချက်လေးတွေကို
ဖော်ပြပေးလိုက်ပါတယ်။

လက်ချောင်းလေးတွေကိုပဲ အသုံးပြုပေးပြီး တင်ပါးနားတစ်ဝှိက်ကို
ပုံတွင် ပြထားသည့်အတိုင်း စက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။ အပေါ်ကိုပဲ
တက်၊တက်ပြီး နှိပ်သွားပေးပါ။

ပေါင်ခြံနားကို လက်မအသုံးပြုကာ အားနဲ့ဖိပြီး နှိပ်နယ်ပေးပါ။ ဒီလို
နှိပ်နယ်ပေးခြင်းက အဆိပ်တောက်ဖြစ်စေတဲ့အရာတွေကိုလျော့ချပေးပြီး
တင်ပါးဆုံနဲ့ ပေါင်နားရှိ အဆီခဲတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

သင့်ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ ဒူးကိုလည်းမေ့ထားလို့မဖြစ်
ပါဘူး။ ပိုပြီးသက်တောင့်သက်သာဖြစ်စေဖို့ ထိုင်ခုံမှာထိုင်ပါ။
ဒူးစွပ်အရင် စွပ်ပြီး စက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။ သွေးခဲပိတ်ခြင်းများကို
သက်သာစေပါတယ်။

ဒီလေ့ကျင့်ခန်းကိုလုပ်ဖို့ လဲလျောင်းလိုက်ပါ။ ခြေသလုံးအောက်မှာ
ခေါင်းအုံးအပါးနှစ်လုံးလောက်ထပ်ပြီး နောက်ခြေထောက်တစ်ဖက်ကို
ရင်ဘတ်နားသို့ ဆွဲတင်ပါ။ ထိုအနေထားတိုင်း သင့်ရဲ့လက်နှစ်ဖက်နဲ့
မြှောက်ထားတဲ့ ခြေသလုံးကိုနှိပ်နယ်ပေးပါ။ လက်ချောင်းအားလုံး
အသုံးပြုပြီး နှိပ်နယ်ပေးပါ။

* * *
– တစ်ခါနှိပ်လျှင် တစ်မိနစ်လောက်နှိပ်ပေးပါ။
– အစပိုင်းမှာတင် ကြွက်သားတွေတင်းနေတာမျိုးမရှိဘဲ ပြောင်းလဲသွား
တာကို သတိထားမိပါလိမ့်မယ်။
– နှိပ်ပြီးမှ နာကျင်မှုတွေဖြစ်လာတယ်ဆိုရင်တော့ ကျွမ်းကျင်ရာဆရာဝန်
တွေနဲ့ သွားရောက်စစ်ဆေးကြည့်ပါ။

218 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.