အိုင်းလိုင်နာအခြောက်တွေက ဆိုးရတာလွယ်ကူပေမဲ့ အိုင်းလိုင်နာအရည်ကတော့ ထင်ထားတာထက်ခက်ခဲပါတယ်။မဆိုးတတ်ရင် တော်တော်ကိုအရုပ်ဆိုးသွားနိုင်ပါတယ်။ အဲ့ဒါကြောင့်မိန်းကလေးအများစုက အိုင်းလိုင်နာအခြောက်ကိုပဲ ဆိုးကြပါတယ်။အခု အိုင်းလိုင်နာအရည်ကို ပရော်ဖက်ရှင်နယ်ကျကျ ဘယ်လိုဆွဲရမလဲဆိုတာ နည်းလမ်းလေးတွေပြောပြပေးသွားပါမယ်။
၁။တိပ်
တိပ်ကိုသုံးပြီးအိုင်းလိုင်နာဆွဲပါ။တိပ်အနည်းငယ်ကိုဖြတ်ပြီးမျက်လုံးနားကိုကပ်ပါ။ အနည်းငယ်စောင်းစောင်းလေးကပ်ထားပါ။ပြီးမှတိပ်အနေအထားအတိုင်းဆွဲချလိုက်ပါ။ ခြောက်သွားပြီဆိုရင် တိပ်ကိုဖယ်လိုက်လို့ရပါပြီ။
၂။ဇွန်း
နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဇွန်းကိုသုံးပြီးဆွဲပေးရမှာပါ။ တိပ်နဲ့ပုံစံတူနည်းလမ်းပါပဲ။ ဇွန်းကိုခပ်စောင်းစောင်းလေထားပြီး အိုင်းလိုင်နာကိုညီအောင်ဆွဲပေးနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံအတိုင်းဇွန်းကိုထားပြီးသုံးလို့ရပါတယ်။
၃။သေးသေးလေးဆွဲပါ
ပထမဆုံးအနေနဲ့လေ့ကျင့်သားမရသေးတဲ့အတွက် အထူကြီးမဆွဲပဲ ခပ်သေးသေးပဲဆွဲပါ။ နောက်မှတဖြည်းဖြည်းအထူဆွဲတာမျိုး၊အချွန်အတက်ဆွဲတာလုပ်ပါ။
၎။အစမ်းလုပ်ပြထားတာတွေကြည့်ပါ
မိတ်ကပ်ဘလော့ဂါတွေအိုင်းလိုင်နာဆိုးပြတဲ့ဗီဒီယိုတွေကြည့်ပါ။များများကြည့်မှ သူတို့ရဲ့ ဆွဲပုံဆွဲနည်းတွေမျက်မှန်းတန်းမိမှာပါ။
၅။အသက်ရှုပါ
အိုင်းလိုင်နာဆိုးနေတုန်း မှားမှာစိုးလို့ဆိုပြီးအသက်အောင့်မထားပါနဲ့။ အသက်ရှုပါ။ ဆွဲရတာခက်ခဲတဲ့အတွက်အသက်ကိုပြင်းပြင်းရှုပြီးလက်ကိုအလုပ်ပေးမှ မှန်ကန်အောင်ဆွဲနိုင်မှာပါ။
၆။လေ့ကျင့်ပါ
အပြင်သွားစရာရှိတဲ့အခါ အမှားအယွင်းမဖြစ်အောင်ကြိုတင်လေ့ကျင့်ပေးပါ။အဲ့ဒါမှလက်က တဖြည်းဖြည်းဆွဲကျင့်ရှိလာမှာဖြစ်ပါတယ်။အပြင်သွားခါမှ ပထမဆုံးစဆွဲတာမဖြစ်ပါစေနဲ့။
၇။ကွန်ဆီလာသုံးပါ
နောက်ဆုံးတစ်ချက်ကတော့ အိုင်းလိုင်နာဆိုးနေတုန်း ပေသွားခဲ့ရင်ကွန်ဆီလာ သုံးပြီးဖျက်ပေးပါ။အလွယ်တကူပျက်သွားတာကိုမြင်တွေ့ရမှာပါ။
ဒီနည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်မယ်ဆိုရင် မကြာခင်မှာပဲ အိုင်းလိုင်နာအရည်ကိုအလွယ်တကူဆွဲနိုင်သွားပါလိမ့်မယ်။