ခုခေတ်မှာ ပိန်သွယ်ပြီး ဗိုက်ချပ်အဆီမရှိ ခန္ဓာကိုယ်လေးတွေဟာ သိပ်
ရေပန်းစားလာတယ်။ ဝလာတဲ့လူတွေက များလာတော့ ပိန်ချင်တဲ့
နည်းလမ်းကို ရှာဖွေကြတယ်။တစ်ချို့က ဂျင်ဆော့တယ်။ ညနေတိုင်း
အသီးအနှံ့တွေသာစားပြီး အားတင်းကာ ဝိတ်လျော့ကျတယ်။
ခန္ဓာကိုယ်အား ဝိတ်ချဖို့လုပ်သလို၊ အဝတ်စားဝတ်ဆင်ရာမှာလည်း
ကိုယ့်အချိုးစားနဲ့ကိုက်ညီဖို့လိုပါတယ်။ ဝခြင်း၊ ပိန်ခြင်းဟာလည်း
ဝတ်တဲ့ အကျီ င်္ပေါ်မူတည်သေးတယ်နော်။ အဝတ်စားတွဲဖက်မှု
မှန်ကန်အောင် ရွေးချယ်သင်တဲ့ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
စကတ်မှာ အကွက်ပုံစံကြီးတွေပါတာက သင့်စတိုလ်ကိုရုပ်ဆိုးစေပါတယ်။
ကြည့်ကောင်းတယ်လို့ထင်ရပေမယ့် ပွသွားတော့ ဝသွားသလို ခံစားရ
ပါတယ်။ အပွင့်ခတ်သေးလေးတွေပါတဲ့ စကတ်(သို့) အရောင်ဗြောင်
နဲ့ တွဲဖက်ပြီးဝတ်ဆင်ကြည့်ပါ။
အကျီ င်္ကိုအပြင်ထုတ်ဝတ်တာထက် အထဲထည့်ဝတ်တာက ပိုပြီးတော့
စမတ်ကျစေပါတယ်။ သင်ဟာ အကျီ င်္အပွကြီးတွေ အပြင်ထုတ်ဝတ်လေ့
ရှိသူဆို အထဲထည့်ဝတ်ကြည့်ပါ။ တစ်မျိုးအမြင်ဆန်းသွားမှာကို တွေ့ရပါ
လိမ့်မယ်။ ပိုပြီးတော့လည်း အရပ်ရှည်လာသလို၊ ခန္ဓာကိုယ်သွယ်သွား
စေပါတယ်။
မျက်စိရှုပ်အောင် ဝတ်တာထက် ကြည့်လိုက်တာနဲ့ မျက်လုံးထဲရှင်းနေတဲ့
ဝတ်စားပုံက ပိုစမတ်ကျပါတယ်။ အလှဆင်ထားတာတွေများတဲ့
အကျီ င်္မျိုးကို မရွေးချယ်မိပါစေနဲ့။ အရောင်ကိုလည်း ကြိုက်နှစ်သက်ရာ
အရောင်ပဲ ဝတ်နေမယ့်အစား အခြားအရောင်တွေကို
အပြောင်းလဲဖြစ်အောင် စမ်းဝတ်ကြည့်သင့်ပါတယ်။
ကြိုးတွေရှုပ်ယှက်ခတ်နေတဲ့ ဖိနပ်မျိုးကိုလည်းရှောင်ပါ။ ဒီလိုဖိနပ်မျိုးက
သင့်ရဲ့ခြေထောက်ပိုတိုသွားသလိုဖြစ်စေပါတယ်။ စကတ်နဲ့တွဲဖက်ဝတ်လို့
မလိုက်ပါဘူး။ ကိုယ့်အသားရောင်နဲ့လိုက်ဖက်မှုရှိမယ့် ဖိနပ်ကိုရွေးချယ်ပြီး
ဝတ်ဆင်သင့်ပါတယ်။
လည်ပင်းအဟိုက် ဂါဝန်လေးတွေက တစ်မျိုးဆွဲဆောင်မှုရှိပါတယ်။
သင့်ရဲ့အလှကို ပိုမိုပေါ်လွင်စေပြီး လူသတိထားမိလွယ်ပါတယ်။
အရောင်ထင်းထင်ကြီးတွေက သင်အသားဖြူရင် ကိစ္စမရှိပေမယ့်
အသားညိုတဲ့လူဆိုရင် သေချာရွေးချယ်သင့်ပါတယ်။ အရောင်အရမ်း
ထင်းရင် ကိုယ့်ရဲ့အသားရေမပေါ်လွင်ဘဲ ပိုပြီးဖုံးအုပ်စေပါတယ်။
အနက်ရောင်ကတော့ လူတိုင်းနဲ့လိုက်ဖက်မှုရှိပြီး ပိန်သွယ်စေတယ်လို့
လည်း ပိုခံစားစေပါတယ်။ ကိုယ့်အသားရောင်နဲ့လိုက်ဖက်မှုရှိတဲ့
အဝတ်စားကိုရွေးချယ်တတ်ပါစေ။