ကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်တဲ့ BTS အဖွဲ့ဟာ သူတို့ရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ “Love Yourself Her” ကို မကြာသေးခင်ကဖြန့်ချီခဲ့ပါတယ်။အဲ့ဒီအခွေထဲက သီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ DNA ဟာ ပရိသတ်တွေကြားမှာအရမ်းကိုပေါက်သွားခဲ့ပြီး ပထမဆုံးတစ်ပတ်မှာတင် အယ်လ်ဘမ်ပေါင်း ၇၅၀၀၀၀ရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။တခြားကေပေါ့ပ်အဖွဲ့တွေ၊ကိုရီးယားအဆိုရှင်တွေထက် ၀င်ငွေအမြင့်ဆုံးရရှိခဲ့တဲ့ ကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်ခဲ့ပါတယ်။
Billboard 200 စာရင်းမှာလည်း Top Ten ၀င်ခဲ့ပြီး နံပါတ် ၇နေရာကို ရရှိခဲ့တယ်လို့ သိရပါတယ်။ကိုရီးယားကေပေါ့ပ်အဖွဲ့တွေထဲမှာပထမဆုံး Top Ten ၀င်ခဲ့တဲ့အဖွဲ့တစ်ခုဖြစ်တာကြောင့် BTS ရဲ့ ပရိသတ်တွေက ၀မ်းသာဂုဏ်ယူ မဆုံးဖြစ်နေကြပါတယ်။ နားမထောင်ရသေးတဲ့ပရိသတ်တွေအတွက် BTS အဖွဲ့ရဲ့ သီချင်းသစ်ဖြစ်တဲ့ DNAကို နားဆင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။