ဆောင်းရာသီလာတော့မယ်ဆို ရာသီအလိုက်ပြဿနာလေးတွေလည်း
စလာပြီပေါ့။ တစ်ချို့ကလည်း ဆောင်းတွင်းကိုသိပ်ကြိုက်ကြတယ်။
တကယ်လည်းဆောင်းရာသီဟာ သာယာလှပတဲ့ရာသီဥတုလေးဖြစ်ပါ
တယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးဖို့အကောင်းဆုံးရာသီလေး
ဖြစ်ပါတယ်။ ရာသီဥတုကအေးတော့ အပျင်းနည်းနည်းထူချင်လာကြ
တယ်။ ရေဆိုရင် လုံးဝမထိချင်လောက်အောင်ပါပဲ။ ဆောင်းရာသီဆို
မိန်းကလေးတွေကြုံတွေ့နေရတဲ့ ပြဿနာလေးတွေကိုမျှဝေပေးလိုက်ပါတယ်။
ခန္ဓာကိုယ် အမွှေးမျှင်များ
ခန္ဓာကိုယ်မှာရှိတဲ့ အမွှေးမျှင်တွေက လူ့ခန္ဓာကိုယ်ကို နွေးထွေးအောင်
လုပ်ပေးနိုင်ပါတယ်။ ဆောင်းရာသီဆို ရိတ်လို့ကလည်းအဆင်ပြေတော့
ဒီတိုင်းထားထားရတာ မိန်းကလေးတွေအတွက်အရုပ်ဆိုးစေတာပေါ့။
နှုတ်ခမ်းသားခြောက်သွေ့ခြင်း
လူတိုင်း ကြုံတွေ့ရတဲ့ပြဿနာတစ်ခုပါ။ နှုတ်ခမ်းတွေ၊ အရေပြားတွေ
အလွန်ခြောက်သွေ့တာကို ခံစားရပါတယ်။ ဘယ်မိန်းကလေးမှ
အရေပြားခြောက်သွေ့ပြီး အဖက်တွေလန်နေတာကို သဘောကျမှာ
မဟုတ်ပါဘူး။
နှုတ်ခမ်းကွဲခြင်း
နှုတ်ခမ်းနီအဆီတွေဆိုးထားပေမယ့်လည်း ဆောင်းရာသီရဲ့အအေးဓာတ်
ကြောင့် နှုတ်ခမ်းကွဲခြင်းပြဿနာကိုကြုံတွေ့ရပါတယ်။
ဆံပင်တွေရှုပ်ထွေးသည်အထိ လေတိုက်ခြင်း
ဆောင်းရာသီလေ တစ်ချက်ချက်တိုက်လိုက်ရင် စတိုင်လ်ထုတ်ထားတဲ့
ဆံပင်ပုံစံတွေ ပျက်သွားတာလောက် စိတ်မတိုတဲ့မိန်းကလေးမရှိတော့ဘူး။
နှာစေးခြင်း
နှာစေးလို့ တစ်ရှုးနဲ့သုတ်ကာမှ တစ်ရှုးဖက်တွေ နှာခေါင်းတွေကပ်နေတဲ့
အခိုက်အတန့် မိန်းကလေးတစ်ယောက်ကို အလွန်အရုပ်ဆိုးစေပါတယ်။
အကျီ င်္အထူကြီးတွေ ဝတ်ရခြင်း
တစ်ချို့အကျီ င်္တွေအထပ်ထပ်ဝတ်ရတာကို မကြိုက်တဲ့မိန်းကလေးတွေ
ရှိပါတယ်။ အဝတ်ပိုလျှော်ရသလို.. အလုပ်ပိုရှုပ်တယ်လို့ခံစားရတာ
ဖြစ်ပါလိမ့်မယ်။
တစ်ကိုယ်လုံး ထုံနေခြင်း
ဆောင်းရာသီဆို အရမ်းအေးလွန်းလို့ တစ်ကိုယ်လုံးထုံနေတဲ့
အခိုက်တန့် လူတိုင်းကြုံဖူးမယ်ထင်ပါတယ်။