အလှအပအတွက်သံလွင်ဆီရဲ့ အသုံးဝင်ပုံ ၆ မျိုး

သံလွင်ဆီကအလှအပအတွက်အများကြီးအသုံးဝင်တယ်ဆိုတာအားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ဘယ်လိုအသုံးဝင်တယ်၊ဘယ်နေရာတွေမှာအသုံးဝင်တယ်ဆိုတာတော့ သေချာသိကြသေးမှာမဟုတ်ပါဘူး။အဲ့ဒါကြောင့် သံလွင်ဆီရဲ့ အသုံးဝင်ပုံ ၆မျိုးကိုပြောပြပေးချင်ပါတယ်။

၁) ရေချိုးတဲ့အခါ…

သံလွင်ဆီအနည်းငယ်ကိုရေမချိုးခင် နာရီဝက်အလိုမှာ ခန္ဓာကိုယ်အနှံ့ ပွတ်လိမ်းပြီးညင်သာစွာနှိပ်နယ်ပေးပါ။နာရီဝက်ကြာလို့ရေချိုးပြီးတဲ့အခါမှာ အသားအရည်ချောမွတ်ပြီး ကလေးအသားအရည်လိုနူးညံ့စိုပြည်နေတာကိုတွေ့ရပါလိမ့်မယ်။

၂) ရေချိုးပြီးတဲ့အခါ…

ရေမချိုးခင် သံလွင်ဆီကိုမလိမ်းဖြစ်ခဲ့ဘူးဆိုရင်ရေချိုးပြီးတဲ့အခါ Body lotion အဖြစ်သုံးပေးလို့ရပါတယ်။သဘာဝအတိုင်းအသားအရည်ကိုချောမွတ်စေပြီးဆဲလ်သေတွေကိုပါဖယ်ရှားပေးပါတယ်။အသားအရည်လည်းပိုပြီးကြည်လင်ဝင်းပလာတာကိုမြင်တွေ့ရမှာပါ။

၃)မိတ်ကပ်ဖျက်တဲ့အခါ…

မိတ်ကပ်ဖျက်ဆေးလိုတဲ့အခါမှာသံလွင်ဆီကိုသုံးပေးနိုင်ပါတယ်။မျက်လုံးတစ်ဝိုက်ကိုရှောင်ပြီး ဂွမ်းစနဲ့ဖြစ်စေ၊ဖော့နဲ့ဖြစ်စေ သံလွင်ဆီအနည်းငယ်ယူပြီးဖျက်ပေးနိုင်ပါတယ်။ပြီးရင်ရေအေး နဲ့စင်ကြယ်စွာဆေးချပေးပါ။ရေခဲရေနဲ့ဆိုပိုပြီးကောင်းပါတယ်။ရေခဲရေက သွေးလည်ပတ်မှုကောင်းမွန်စေသလိုချွေးပေါက်လည်းကျဉ်းစေပါတယ်။

၎)လက်သည်းတွေကျိုးပဲ့လွယ်တဲ့အခါ…

သင့်ရဲ့ လက်သည်းတွေက အလွယ်တကူကျိုးပဲ့ပြီး ဖြူဖျော့နေတယ်ဆိုရင် သံလွင်ဆီအနည်းငယ် ကိုဂွမ်းလေးနဲ့ယူပြီးလက်သည်းတွေကိုလိမ်းပေးပါ။တစ်ပတ်ကို ၂ကြိမ်လုပ်ပေးမယ်ဆိုရင် သန်မာတောက်ပပြီး ကျန်းမာလှပတဲ့လက်သည်းလေးတွေပိုင်ဆိုင်ရမှာပါ။

၅)မျက်လုံးအရေးအကြောင်းထင်တဲ့အခါ…

မျက်လုံးနားမှာအရေးအကြောင်းတွေ၊ညိုမည်းနေတာတွေပျောက်ကင်းစေဖို့သံလွင်ဆီအနည်းငယ်ကို ဂွမ်းလေးနဲ့ယူပြီးမျက်လုံးတစ်ဝိုက်ကိုညင်သာစွာပွတ်လိမ်းပေးပါ။ ညအိပ်ရာမ၀င်ခင်ဖြစ်စေ၊မနက်မိုးလင်းတဲ့အခါဖြစ်စေသုံးပေးနိုင်ပါတယ်။

၆)မျက်နှာပေါင်းတင်တဲ့အခါ…

သံလွင်ဆီကိုမျက်နှာချေးချွတ်ပြီးပေါင်းတင်ချင်တဲ့အခါသုံးပေးလို့ရပါတယ်။သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့သံပုရာရည်အနည်းငယ်ညှစ်ထည့်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀မိနစ်လောက် မျက်နှာကိုညင်သာစွာနှိပ်နယ်ပေးပြီး ရေအေးအေးလေးနဲ့သစ်ပေးပါ။ တစ်ပတ်ကိုတစ်ခါ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် အရေးအကြောင်းကင်းပြီးလှပတဲ့မျက်နှာလေးပိုင်ဆိုင်ရမှာပါ။ အဆီပြန်တဲ့အသားအရည်ပိုင်ရှင်တွေတော့မသုံးသင့်ပါဘူး။

သံလွင်ဆီရဲ့ အသုံးဝင်ပုံလေးတွေကိုသိပြီး အလှအပနှစ်သက်ကြတဲ့မိန်းကလေးတွေ စမ်းပြီးလုပ်ကြည့်ကြဖို့အကြံပေးလိုက်ပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.