နွေရာသီရောက်ဖို့လိုသေးတယ်ဆိုပေမယ့် ဖိလစ်ပိုင်က ကိုယ်သွားချင်တဲ့
နေရာတွေကို အကြမ်းဖျင်းသိထားရအောင် လည်ပတ်လို့အကောင်းဆုံး
နေရာလေးတွေဖော်ပြပေးလိုက်ပါတယ်။
သူငယ်ချင်းတွေနဲ့သွားသွား၊ မိသားစုနဲ့ပဲသွားသွား ပျော်ရွှင်စရာကောင်းတဲ့
ခရီးတစ်ခုဖြစ်စေမှာပါ။
Tagaytay
Tagaytay ဟာ နွေရာသီအတွက်အကောင်းဆုံးနေရာတစ်ခုဆိုလည်း
မမှားပါဘူး။ ထိုနေရာမှာ အံ့သြစရာကောင်းတဲ့ ရှုခင်းများစွာရှိပြီး
နေလို့လည်းသိပ်ကောင်းတယ်လို့ သိရပါတယ်။
Batangas
လှပတဲ့ Batangas ကမ်းခြေဟာ ဖိလစ်ပိုင်ရုပ်ရှင်ကားတွေ အများဆုံး
ရိုက်တဲ့နေရာဖြစ်ပြီး အလွန်နာမည်ကြီးတယ်လို့သိရပါတယ်။ ရုပ်ရှင်ထဲမှာ
လိုပဲ အပြင်မှာလည်းအလွန်လှတယ်လို့သိရပါတယ်။ ဒေသခံနာမည်ကြီး
တွေလည်း မကြာခဏလာလေ့ရှိတဲ့နေရာဖြစ်ပြီး နွေရာသီဆို
လူငယ်သရုပ်ဆောင်လေးတွေ မကြာမကြာရောက်လာတယ်လို့သိရပါတယ်။
Camiguin
သင့်မှာ ပိုက်ဆံအပိုအလျှံရှိတယ်ဆိုရင် Camiguin ကမ်းခြေကိုညွန်းချင်
ပါတယ်။ အရမ်းဈေးကြီးပေမယ့် ဇိမ်ခံလို့အကောင်းဆုံးနေရာတစ်ခုလို့
ပြောရပါမယ်။ ထိုကမ်းခြေမှာ ကြည်ပြာနေတဲ့ရေတွေရယ်၊ လှပတဲ့
တောင်တန်းကြီးတွေ တစ်ဝကြီးကြည့်လို့ရပါတယ်။ နွေရာသီဆို
သိပ်မထူးခြားပေမယ့် ဆောင်းရာသီဆို ရေတွေကဆိုဒါ အရသာလိုပဲလို့
သိရပါတယ်။
Pangasinan
Pangasinan ကျွန်းကိုလာလည်တဲ့လူတိုင်း ဒီကျွန်းရဲ့အလှကိုတင်စား
ပြောလို့မဆုံးပါဘူး။ အပြောနဲ့တင်မလုံလောက်ပါဘူး။ အလွန်လှပါတယ်။
ကိုယ်တိုင်သွားကြည့်ပြီးမှ ဘယ်လောက်လှတယ်ဆိုတာကို ခံစားမိနိုင်မယ်
ထင်ပါတယ်။
Palawan
ဖိလစ်ပိုင်ရဲ့ထိပ်တန်းအကောင်းဆုံး ခရီးစဉ်တစ်ခုပါပဲ။ ခေတ်မှီတိုးတက်
လာတာနဲ့အညီ ပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေလည်း အလွန်ကောင်းပြီး
သဘာဝတိုင်းရှိနေတဲ့ တောတောင်ရေမြေအလှတွေကိုလည်း
တစ်ဝကြီးခံစားလို့ရပါတယ်။