သင့်လစ်လျုမရှုထားသင့်တဲ့ အချစ်ရေးပြဿနာများ

အချိန်နဲ့အမျှ လူတွေဟာ ကိုယ့်အနားမှာရှိတဲ့လူတွေကို ငြီးငွေ့လာတတ်
ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုတောင်ပျင်းလာတတ်ကြတယ်။
ချစ်သူနဲ့ဆက်ဆံရေးမှာလည်း အချိန်ကြာလာရင် ငြီးငွေ့တတ်ကြပါတယ်။
ချစ်သူက ကိုယ့်အပေါ် စိတ်မပါတော့ဘူးလားဆိုတာ သိနိုင်မယ့်အချက်တွေကို ဝေမျှပေးလိုက်ပါတယ်။

လက်ရှိအချိန်မှာပဲ သာယာနေခြင်း


အနာဂတ်အတွက် အစီစဉ်တွေမရှိတဲ့အပြင် မနက်ဖြန်သင်နဲ့အပြင်သွားဖို့
အရေးတောင် စိတ်ဝင်စားမှုမရှိဘူးဆိုရင်တော့ တစ်သက်လုံးအတူ
လက်တွဲသွားဖို့ဆိုတာ စဉ်းစားရမယ့်အခြေအနေတစ်ခုရောက်နေပါပြီ။

အချိန်မလေးစားခြင်း


ချိန်းထားရင် ၁ဝမိနစ်၊ ၁၅မိနစ် နောက်ကျတာတော်သေးတယ်။
မိနစ်(၃ဝ)လောက်နောက်ကျနေတယ်ဆိုရင်တော့ မဖြစ်တော့ပါဘူး။
တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ အမြဲတမ်း သင်နဲ့ချိန်းတိုင်း အချိန်ကို
မလေးစား၊ နောက်ကျနေမယ်ဆိုရင် ဒီလူတစ်ယောက်ကို ရေရှည်လက်တွဲ
သွားဖို့ စဉ်းစားဖို့အချိန်တန်နေပါပြီ။

အလေးထားမှုမရှိခြင်း


သင်က အရေးကြီးအကူညီလိုလို့စာပို့ထားပေမယ့် သူ့ဆီကစာ
နောက်တစ်နေ့မှရောက်လာတာမျိုးတို့ဆို မလွယ်ပါဘူး။ အရမ်းကို
အရေးကြီးတဲ့ကိစ္စတွေမျိုးဆို အားကိုးလို့မရတဲ့လူတစ်ယောက်ဆိုတာ
သတိထားသင့်ပါတယ်။

ပုံမှန်ကိစ္စတွေတောင် အသိမပေးနိုင်ခြင်း


ရုပ်ရှင်အတူကြည့်နေချိန် သူ့ဖုန်းဝင်တာတို့၊ မက်ဆေ့ခ်ျရောက်လာတာတို့
ဆိုရင် သတိထားကြည့်ကြည့်ပါ။ ပုံမှန်အလုပ်ကိစ္စ၊ သူငယ်ချင်းနဲ့
အခြား အသေးအမွှားတွေဆိုရင် သင့်ကို ပြောပြပါလိမ့်မယ်။
ပုံမှန်မဟုတ်ပဲ သင့်ကိုဖုံးကွယ်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ တစ်ခုခုပါပဲ။

အထင်ကရနေ့တွေ မမှတ်ထားခြင်း


နေ့သစ်ကူးနေ့ (သို့) ချစ်သူများနေ့တွေမှာ သူက သင့်အတွက် အထူးတ
လည်ဘာမှမလုပ်ပေး.. သာမာန်နေ့တစ်ခုလိုပဲ ဖြတ်သန်းသွားဖို့ စဉ်းစား
နေပါသလား? သင်က အရာအားလုံးကိုပြင်ဆင်ပေးထားတာတောင်
အသိမှတ်ပြုပေးဖို့ သူ့အတွက်ခဲယဉ်းနေရင်၊ အရေးမကြီးတာကို
ဆင်ခြင်တစ်ခုလုပ်ပြောနေရင် ရှေ့လျှောက်စဉ်းစားပါတော့။

သင့်အသိုင်းဝိုင်းနဲ့ဝင်ဆံ့နိုင်အောင်မကြိုးစားခြင်း


သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်ပြောတိုင်း သူ့ဘက်က ငြင်းတာကို
သင်ခံနေရမယ်။ သူ့သူငယ်ချင်းတွေနဲ့လည်း သင့်ကိုမိတ်မဆက်ပေးသလို၊
သင့်အသိုင်းဝိုင်းထဲကိုလည်း ဝင်ဆံ့နိုင်အောင် သူ့ဘက်ကမကြိုးစားဘူး
ဆိုရင် လက်တွဲဖြုတ်လိုက်တာအကောင်းဆုံးပါပဲနော်။

အရင်လို နွေးထွေးမှုမရှိခြင်း


အရင်ကတော့ သိပ်ချစ်တာ.. မျက်စိအောက်ကအပျောက်မခံနိုင်အောင်ပဲ။
အခုတော့ သွေးအေးသွားပြီ..လို့ စုံတွဲတွေတော်တော်များများပြောကြ
တယ်။ လူတွေဟာ တွဲလာရတဲ့အချိန်လာတာနဲ့အမျှ ငြီးငွေ့မှုဆိုတာတော့
ရှိတတ်ပါတယ်။ အခြားတစ်ယောက်နဲ့ နည်းနည်းကလိချင်မယ်။
သင်က တယုတယဆက်ဆံပေးတာတောင် သူ့ဘက်က အနည်းကပ်မခံ၊
သဘောမကျသလို ပုံစံတွေလုပ်နေရင် သင်တို့သေချာ ပွင့်ပွင့်လင်းလင်း
ဆွေးနွေးပါ။ ချစ်သူနှစ်ဦးကြား ဆက်ဆံရေးဟာ သိပ်ရှုပ်ထွေးပြီး
တစ်ယောက်နဲ့တစ်ယောက် သဘောထားခြင်းမတိုက်ဆိုင်တဲ့အခါ
ပြဿနာတွေဖြစ်လာတတ်ပါတယ်။ ဒါတွေကို စိတ်ရှည်သည်းခံပြီး
ကျော်လွှားနိုင်မှ ခိုင်မြဲတဲ့ relationship တစ်ခုကို တည်ဆောက်နိုင်ပါမယ်။

526 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.