အားလပ်ရက်တွေမှာ ပြင်ဆင်ကြည့်သင့်တဲ့ ဆံပင်ပုံစံ (၁၀)မျိုး

hairstyles2.jpg

အေးချမ်းတဲ့အမိုက်စား ဒီဇင်ဘာလကို ရောက်ပြီဆိုတော့ သွားရ၊လာရမှာတွေ၊ တက်ရမယ့် ဒင်နာ ပါတီတွေ၊ ဒါ့အပြင် ရုံးတော်တော်များများကလည်း ဒီဇင်ဘာလကို အားလပ်ရက်ပေးတတ်ကြတာကြောင့် ဒီရက်တွေမှာ ဘယ်လို ဆံပင်အပြင်အဆင်မျိုးနဲ့ အပြင်ထွက်ရင်ကောင်းမလဲလို့ ခေါင်းစားစရာမလိုတော့အောင် ခပ်မိုက်မိုက် ဆံပင်ပုံစံဆန်းလေးတွေကို ရွေးချယ်ပေးလိုက်တယ်နော်။

၁။ ရှေ့ဆံပင်တွေကိုအကုန်သိမ်းပြီး ဆံပင်တွေအကုန်လုံးကို နားနောက်ကိုပို့ကာ ကျစ်ဆံမြီးကို ကပိုကရိုကျစ်ပါ။ ဆံပင်စလေးတွေ မသပ်မရပ်ထွက်နေတာကိုက စတိုင်လ်တစ်ခုပါပဲ။

 

၂။ကိုယ့်ရဲ့ဘေးဆံပင်တွေကို အပြောင်မရိတ်ချင်ဘူး။ ဒါပေမယ့် အဲ့ဒီလို ဆံပင်ပုံစံမျိုးကိုလည်း ကြိုက်နှစ်သက်ပါတယ်ဆိုသူတွေအတွက် ခုလို ဆံပင်တစ်ခြမ်းကို Gel နဲ့ သပ်သပ်ရပ်ရပ်ပုံချပြီး တစ်ခြားတစ်ဖက်ကို ချထားကြည့်လိုက်ပါလား။ အရမ်းရှည်တဲ့ဆံပင်မျိုးနဲ့ အဆင်မပြေပေမယ့် မတိုမရှည်ဆံပင်ပုံစံတွေအတွက် အိုကေပါပဲ။

 

၃။ဘယ်တော့မှ ရိုးမသွားမယ့် ဆံပင်ပုံစံကတော့ ရှေ့အတိချပြီးနောက်မှာ ပိုနီတေး စည်းထားတဲ့ပုံစံပါပဲ။ ချစ်ဖို့ကောင်းသလို ဆွဲဆောင်မှုလည်း ရှိနေပြန်ရော။

 

၎။ ဆံပင်ရဲ့ သုံးပုံတစ်ပုံ ရှေ့ဆံပင်တွေကို ကပိုကရိုချပြီး နောက်က ကျန်နေတဲ့ဆံပင်အားလုံးကို စုပြီး ချည်နှောင်ထားတာဟာ ထသွားထလာအတွက် သိပ်မိုက်တဲ့အထာပါ။

 

၅။လှိုင်းတွန့်ဆံပင်ပုံစံလေးတွေ ကြိုက်နှစ်သက်ရင်တော့ ဒီဆံပင်ပုံစံကို ညှပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဆံပင်ကာလာကတော့ အမိုက်စား ကာလာဖြစ်ဖို့ အရေးကြီးတယ်နော်။

 

၆။ဆံပင်ထူတဲ့သူတွေ ငါးမြှီးရိုးကျစ်ဆံမြီးလေးကျစ်ပြီး အပြင်ထွက်ကြည့်လိုက်ပါလား။ အားလုံးဝိုင်းမငေးရင် ကြိုက်သလိုပြော။

 

၇။ဒင်နာပွဲသွားမယ့် ပျိုမေတွေအတွက်ကတော့ ခုလိုလူငယ်ဆန်တဲ့ဆံထုံးမျိုးလေးနဲ့ဆို အိုကေမှာပါ။

 

၈။Bob ကေဆိုပြီး အရင်က တစ်ခေတ်ဆန်းခဲ့တာကြောင့် ဆံပင်ရှည်ပေမယ့် ခုလို ဖောင်းဖောင်းလေးဖြစ်အောင် ဆံပင်တွေကို နောက်အထဲကို ထိုးသွင်းပြီး ပြင်ဆင်ကြည့်လိုက်ပါ။ ဒါကလည်း အမိုက်စားတွေထဲက တစ်ခုပါပဲ။

 

၉။ ရှေ့ဆံပင်အတိညှပ်ထားတဲ့ ပျိုမေတွေအတွက် ဆန်းကြည့်သင့်တဲ့ ဆံပင်ပုံစံပါပဲ။ ရှေ့ပိုင်းဆံပင်အားလုံးကို ချထားလိုက်ပြီး နောက်ပိုင်းဆံပင်ကို စုပြီးချည်နှောင်လိုက်တာပါ။

 

၁၀။အနက်ရောင်ဆံကေသာရှိတဲ့ ပျိုမေတွေ ကိုယ့်ဆံပင်ကာလာကြီးကို ပျင်းစရာကြီးလို့ မမြင်ရအောင် ဆံပင်ဘေးခွဲကို အလယ်ခွဲပြောင်းခွဲကြည့်လိုက်ပါလား။ အပြောင်းအလဲလေးလည်းဖြစ်၊ မိုက်လည်းမိုက်မှာ သေချာပါတယ်။

Ref:seventeen

833 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.