ပျင်းနေတဲ့စိတ်တွေပျောက်သွားအောင် ဘာတွေလုပ်ဆောင်သင့်သလဲ?

လုပ်ဖို့လိုအပ်တယ်ဆိုတာသိပေမယ့် စိတ်မပါတဲ့အခါ လုပ်ချင်ကိုင်ချင်စိတ်
ပျောက်နေတဲ့ အဖြစ်မျိုးလူတိုင်းကြုံဖူးပါတယ်။ လူတိုင်း တစ်ခါလောက်
တော့ဖြစ်ဖူးမှာပါ။ ဆုံးဖြတ်ချက်တွေ အခါခါချတာတောင် ထိုအလုပ်ကို
လုပ်ဖို့ပျင်းနေတုန်းဆို သင့်အတွက် စိတ်ဓာတ်တက်ကြွစေမယ့်
စကားလေးတွေလိုအပ်လာပါပြီ။ ပျင်းနေတဲ့စိတ်ပျောက်သွားအောင်
ကူညီပေးနိုင်မယ့် နည်းလမ်းတွေဖော်ပြပေးလိုက်ပါတယ်။

၁။ ပျင်းရတဲ့အကြောင်းရင်းကို သိအောင်လုပ်
သင်ဟာ အလုပ်တစ်ခုကို စလုပ်ဖို့စိုးရိမ်နေတာလား ? သင်သဘောမကျ
တဲ့အလုပ်တစ်ခုဖြစ်နေလို့လား? အိပ်ရေးပျက်ထားလို့ ၊ လုံလောက်တဲ့
အာဟာရမရှိလို့များ ဒီအလုပ်ကိုလုပ်ဖို့ အားမရှိတာလား? ကိုယ့်ကိုယ်ကို
ပြန်မေးပြီး အဖြေရှာပါ။ နောက်ထပ်အကြောင်းပြချက်တစ်ခုက
သင်ဒီအလုပ်ကို လုပ်ဖို့ ယုံကြည်ချက်မရှိတာလား ? သင့်ရဲ့သက်တောင့်
သက်သာဇုန်ကနေ ထွက်ခွာရမှာကို စိုးရိမ်နေလို့များလား ?
ဒါတွေကြောင့်မဟုတ်ဘူး.. ပျင်းကိုပျင်းနေတာဆိုရင်တော့ တစ်ခုစဉ်းစား
ရမှာက သင်အခုအေးဆေးနေမလား…အသက်ကြီးမှ အပင်ပန်းခံမလား
ဆိုတာပါပဲ။ အခုပင်ပန်းခံထားရင် အသက်ကြီးရင်အေးဆေးနေရမယ်။
တိကျတဲ့ ရည်မှန်းချက်ကို ချမှတ်ထားရင် ပန်းတိုင်ထိရောက်အောင်
လျှောက်လှမ်းဖို့ သင်လုပ်ကိုလုပ်မှဖြစ်မှာပါ။

၂။ ကိုယ့်ကိုယ်ကိုယ် အားပေး


မနက် လေ့ကျင့်ခန်းလုပ်မယ်လို့ ဆုံးဖြတ်ပြီး အိပ်ရာကထဖို့ပျင်းနေတာနဲ့
မလုပ်ဖြစ်လိုက်ဘူး။ တော်တော်များများပြောဖူးပါတယ်။ ကိုယ့်အိမ်လုပ်ဖို့
ပျင်းနေရင် အားကစာခန်းမမှာ သူငယ်ချင်းနဲ့အတူချိန်းပြီး သွားလေ့ကျင့်
ပါ။ ချိန်းထားတဲ့လူရှိတယ်ဆိုတဲ့အသိနဲ့ လူကအိပ်ရာကထဖြစ်ပြီး
လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ဖြစ်သွားပါလိမ့်မယ်။

၃။ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို သတိပြု
တစ်ခါတစ်လေ အပြင်ထွက်၊ လေကောင်းလေသန့်ရှုဖို့လိုပါတယ်။
ခန္ဓာကိုယ်အတွက် အင်အားပြန်ဖြည့်ပေးဖို့ပါ။ တစ်ခါတစ်လေ
ထမင်းမစားပဲ နေလိုက်တဲ့အခါတွေရှိတတ်တာမို့ ခန္ဓာကိုယ်အတွက်
အားပြန်ဖြည့်ပေးရမယ်။ အားလပ်ရက်ရောက်ပြီဆို လူကအလိုလို
ပင်ပန်းလာသလို ခံစားရတယ်ဆို ခန္ဓာကိုယ်က ဘာလိုအပ်လဲ စိစစ်ပါ။
ကော်ဖီသောက်တာဖြစ်ဖြစ်၊ လေကောင်းလေသန့်ရှုတာဖြစ်ဖြစ် လုပ်ပေးပါ။

၎။ အကောင်းဘက်က တွေး
သင့်မှာ အနုတ်သဘောဆောင်တဲ့အတွေးတွေရှိနေလား?
ဘဝရဲ့ခက်ခဲတဲ့အချိန်တွေကို ရောက်နေပြီလား ? အခြားလူတွေနဲ့
ကိုယ့်ကိုယ်ကိုယှဉ်ပြီး အားမရဖြစ်နေလား? အနုတ်သဘောဆောင်တဲ့
အတွေးတွေဟာ သင့်ကိုပဲထိခိုက်စေပါတယ်။ မကောင်းတဲ့အတွေးတွေ
ဖျောက်ပစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့အရာတွေကို စဉ်းစားပါ။

၅။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်နေပါ 
ပျင်းတယ်လို့ခံစားနေရတဲ့အခါ ထိုခံစားချက်ကြီးကို ဒီတိုင်းမထားပါနဲ့။
ချက်ချင်း ထိုခံစားချက်ကို လစ်လျရှုလိုက်ပါ။ တစ်ကြိမ်တစ်ခါတော့
လူတိုင်း ပျင်းဖူးပါတယ်။ တစ်ခုခုထလုပ်လိုက်ပါ။ စိတ်ကိုအပြောင်းလဲ
ဖြစ်စေမယ့် အရာတစ်ခုခုပေါ့။ စာဖတ်ခြင်း၊ ပန်းချီဆွဲခြင်း ၊
ဂီတတီးခြင်းနဲ့ အခြားကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုကိုလုပ်ဆောင်ပါ။
ဆုံးဖြတ်ချက်ခိုင်ခိုင်မာ ချနိုင်ဖို့လိုပါတယ်။ ဘယ်ရည်မှန်းချက်မဆို
အောင်မြင်ဖို့အတွက် မလွယ်ကူပါဘူး။ ထင်ထားသလို လမ်းကိုဖြောင့်ဖြုး
စွာသွားရမှာမဟုတ်ပါဘူး။ ခက်ခဲမယ်..ကြမ်းတမ်းမယ်.။ ဒါတွေကို
ရင်ဆိုင်နိုင်ဖို့ ယုံကြည်မှုအပြည့်ရှိဖို့လိုပါတယ်။ ပျင်းတဲ့စိတ်ကို အဝင်မခံနိုင်အောင် ကြိုးစားပါ။

289 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.