တစ်ဖက်သတ်ချစ်နေရတဲ့သူရဲ့ အာရုံစူးစိုက်မှု၊သတိထားမှုကိုမလိုချင်ကြဘူးလားလို့မေးရင် အားလုံးကလိုချင်တယ်ပဲဖြေကြမှာပါ။ဒါပေမဲ့ ကြောက်ပြီးစကားမပြောရဲတာ၊ အနေအထားချင်း ကွာနေလို့မပြောရဲတာစသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့နောက်ဆုတ်မိနေပါလိမ့်မယ်။ဒါပေမဲ့ တစ်စုံတစ်ယောက်ကိုသဘောကျတယ်ဆိုရင် သူသတိထားမိအောင်လုပ်ဖို့အရေးကြီးပါတယ်။ အရမ်းကြီးမသိသာစေပဲ သိပ္ပံနည်းကျကျ သတိထားမိစေတဲ့နည်းလမ်းလေးတွေရှိပါတယ်။ ဘာတွေလဲဆိုတော့…
၁။လျစ်လျူရှုပါ
သတိထားမိအောင်လုပ်ချင်ပါတယ်ဆိုမှ လျစ်လျူရူပါဆိုတော့ နည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ နည်းလမ်းကောင်းတစ်ခုပါပဲ။သူနဲ့ပတ်သက်သမျှကို ဘာမှအာရုံမစိုက်မိသလိုနေပါ။ဖြည်းဖြည်းချင်းနဲ့သင်က သူ့အပေါ်အာရုံမစိုက်တာ၊မရှိတာကိုသိပြီး သူ့ရဲ့ စိတ်ဝင်စားမှုကိုခံရပါလိမ့်မယ်။
၂။အကောင်းမြင်စိတ်ထားပြီးပျော်ရွှင်အောင်နေပါ
လူတွေအပေါ်အကောင်းမြင်စိတ်ထားပြီးဆက်ဆံတာဟာလည်း ဆွဲဆောင်မှုရှိစေတဲ့အချက် ပါပဲ။သဘာဝတရားကြီးကိုအကောင်းမြင်ပြီးပေါ့ပါးလွတ်လပ်စွာပျော်ရွှင်နေတဲ့သင့်အပေါ်ကို သင့်ရဲ့ Crush က သဘောတကျနဲ့စိတ်ဝင်စားလာပါလိမ့်မယ်။
၃။အနီရောင်အ၀တ်အစားဝတ်ပါ
လေ့လာစမ်းသပ်ချက်တွေအရ အမျိုးသားတွေက အနီရောင်ကိုပိုပြီးဆွဲဆောင်မှုရှိတယ် လို့ထင်ကြပါတယ်။ လူကြားထဲမှာလည်းထင်းကနဲဖြစ်ပြီး သတိထားမိစေတာမို့ အနီရောင် အ၀တ်အစားများများ ၀တ်ပေးပါ။အနီရောင်နှုတ်ခမ်းနီ၊အိတ်၊ဂါဝန်၊အနီရောင်နဲ့ ပတ်သက်တာတွေသုံးပေးတာက ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။
၎။ရေမွှေးဆွတ်ပါ
ရေမွှေးကိုအလွန်အကျွံမဆွတ်မိစေဖို့သတိထားပါ။သင်နဲ့တွေ့တဲ့အချိန်၊စကားပြောတဲ့အချိန်တိုင်းသင်းပျံ့ရနံ့တစ်ခုရနေတာက သူသင့်အပေါ်သတိထားမိစေမယ့်အချက်ပါပဲ။နောက်ဆို သင့်ကိုမမြင်ရရင်တောင် ရေမွှေးနံ့ရတာနဲ့ သင်မှန်းသတိထားမိပါလိမ့်မယ်။
၅။သဘာဝအလှကိုပြသပါ
မိတ်ကပ်လိမ်းတာဟာ ပိုပြီးဆွဲဆောင်မှုရှိတယ်လို့အများစုကလက်ခံထားကြပေမဲ့ လေ့လာချက်တွေအရ အမျိုးသားတွေက မိတ်ကပ်မလိမ်းထားတဲ့သဘာဝအလှကို ပိုပြီးသဘောကျနှစ်သက်တယ်လို့သိရပါတယ်။မိတ်ကပ်ကိုနေ့တိုင်းမလိမ်းပဲ သင်ဟာ သဘာဝကျကျလှပပြီးချစ်စရာကောင်းတယ်ဆိုတာကို ပြသပေးပါ။
၆။ကြင်နာတတ်ပါ
တခြားသူအပေါ်ကိုကြင်နာစွာဆက်ဆံတာကလည်း အမျိုးသားတွေကို ဆွဲဆောင်နိုင်မယ့်အချက်ပါပဲ။သင်က တခြားသူအပေါ်ကူညီတတ်တယ် ၊ကောင်းမွန်တဲ့စကားတွေပြောဆိုတတ်တာကိုသိပါစေ။
၇။ဆံပင်ကိုဂရုတစိုက်ထားပါ
နောက်ထပ်လေ့လာတွေ့ရှိချက်အရ မိန်းကလေးတစ်ယောက်ကိုမြင်မြင်ချင်းသတိထားမိတဲ့အထဲမှာ ဆံပင်လည်းပါဝင်တယ်လို့သိရပါတယ်။သင့်ရဲ့ ဆံပင်စတိုင်လ်ကိုသပ်သပ်ရပ်ရပ်နဲ့ မွှေးပျံ့အောင်ထားပါ။ သန့်ရှင်းအောင်ထားပါ။
၈။ရယ်မောပါ
လူတိုင်းအပေါ်အကောင်းမြင်စိတ်ထားတာဟာ သင့်ရဲ့ စိတ်ကိုလွတ်လပ်ပေါ့ပါးရယ်မောစေသလို သင်ရယ်မောပြုံးနေတဲ့အချိန်ဟာ အမျိုးသားတွေကိုဆွဲဆောင်နိုင်မယ့်အချိန်ပါပဲ။သင့်ရဲ့ crush ကဟာသပြောတဲ့အခါမှာ ရယ်မောပါ။ရယ်မောခြင်းဟာ တခြားသူကိုကူးစက်ပျော်ရွှင်စေတယ် လို့လေ့လာသိရှိရပါတယ်။ ပိုပြီးရင်းနှီးခင်မင်သွားတယ်လို့လည်းခံစားရစေပါတယ်။
သင့်ရဲ့ Crush ကသတိထားမိစေဖို့ဒီနည်းလမ်းလေးတွေကိုစမ်းပြီးလုပ်ကြည့်သင့်တယ်နော်။