တောင်ကိုရီးယားရဲ့ နာမည်ကျော်ကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်တဲ့ Big Bang အဖွဲ့ဝင်လေးယောက်ဟာ နောက်နှစ်မှာစစ်မှုထမ်းဆောင်ဖို့စာရင်းပေးလိမ့်မယ်လို့ ဂျပန်မီဒီယာတစ်ခုကနေသိရပါတယ်။
Big Bang အဖွဲ့ဝင်တွေဖြစ်ကြတဲ့ G-Dragon ၊ Taeyang ၊ Daesung နဲ့ Seungri တို့ဟာ လာမယ့်နှစ်ဆောင်းတွင်းမှာ စစ်မှုထမ်းဆောင်ဖို့စာရင်းပေးကြမှာပါ။အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ T.O.P ကတော့ ဖေဖော်ဝါရီ၉ရက်နေ့တည်းက စစ်မှုထမ်းဆောင်နေပြီဖြစ်ပါတယ်။ ကျန်ရှိနေတဲ့အဖွဲ့ဝင် ၄ယောက်က သူမပါပဲ သူတို့ရဲ့ အခွေပရိုမိုးရှင်းတွေအတွက်ပြင်ဆင် ဆက်လုပ်နေတာပဲဖြစ်ပါတယ်။
လာမယ့်နိုဝင်ဘာမှာတော့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ Last Dance Tour အဖြစ် နိုင်ငံလေးနိုင်ငံမှာ သွားရောက်ဖျော်ဖြေဖို့စီစဉ်ထားပြီး ဖျော်ဖြေပွဲပေါင်း ၁၃ပွဲရှိတယ်လို့သိရပါတယ်။ အဲ့ဒီပွဲတွေကိုလာရောက်မယ့်ပရိသတ်ကလည်း ၆၄၆၀၀၀ယောက်ရှိလိမ့်မယ်လို့ ခန့်မှန်းသိရှိရပါတယ်။
Big Bang အဖွဲ့ဝင် Daesung ကတော့ “ဂျပန်နိုင်ငံကဖျော်ဖြေပွဲတစ်ခုအတွင်းမှာ ပရိုမိုးရှင်းတွေများစွာကိုဒီနှစ်မှာလုပ်ပြီးရင် ပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်သွားမယ် ထင်ပါတယ်။ ဒါပေမဲ့ ဒါကပဲ Big Bangအဖွဲ့အတွက်နောက်ထပ် ခြေလှမ်းအသစ်တွေ များစွာလှမ်းနိုင်ဖို့ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မယ်”လို့ ပြောခဲ့ပါတယ်။