စိတ်ဓာတ်ကျနေတဲ့လူကို ပြောသင့်တဲ့စကားနဲ့ မပြောသင့်တဲ့စကား

လူတိုင်း ဘဝမှာစိတ်ညစ်စရာကိစ္စတွေ တစ်နည်းမဟုတ် တစ်နည်းနဲ့
ကြုံတွေ့ရင်ဆိုင်နေရတာပါပဲ။ ရှုပ်ထွေးလှတဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေ
တွေကို လူတိုင်းခံစားနေရပြီး တစ်ချို့ကကောင်းကောင်းဖြတ်ကျော်သွား
နိုင်သလို၊ တစ်ချို့စိတ်အားငယ်တဲ့လူတွေကြတော့လည်း ထိုဒဏ်ကိုမခံနိုင်ကြဘူး။

စိတ်ကျန်းမာရာဆိုင်ရာအဖွဲ့စည်းတစ်ခုမှ အမေရိကန်အရွယ်ရောက်ပြီးသား
လူငယ် ၁၆မီလီလျံလောက်ဟာ စိတ်ဓာတ်ကျခြင်းရောဂါကိုခံစားနေရပါတယ်။
စိတ်ဓာတ်ကျနေတဲ့လူကို အားပေးနှစ်သိမ့်တဲ့အခါ
စကားလုံးတွေသုံးတတ်ဖို့လိုပါတယ်။ တစ်ချို့ကစိတ်ရင်းကောင်းပေမယ့်
စကားအပြောအဆို မတတ်ကြဘူး။ စိတ်ဓာတ်ကျနေတဲ့လူကို
ပြောသင့်တဲ့စကားနဲ့ မပြောသင့်တဲ့စကားတို့ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ပြောသင့်တဲ့စကား
၁။ ”ငါနင့်အတွက် အမြဲရှိတယ် ”
စိတ်ပညာရှင် Dr.John Grohol က ဒီလိုပြောပေးခြင်းဟာ စိတ်ဓာတ်ကျ
နေတဲ့လူကို ခံစားရသက်သာစေပြီး ကိုယ့်စကားဟာ သူ့အတွက်နားဝင်ချို
စေတယ်။ အဲ့ဒါမှ သူ့ကိုအလေးထား ဂရုစိုက်တဲ့လူရှိသေးပါလားဆို
ပြီး စိတ်သက်သာရာရမှာဖြစ်ပါတယ်။

၂။ ”တစ်ခုခုလုပ်ရအောင် ”
စိတ်ဓာတ်ကျတတ်တဲ့လူတွေက အတွေးတွေထဲမှာအမြဲမျောနေတတ်ပြီး
မကောင်းတဲ့အရာတွေကို ထပ်တလဲလဲစဉ်းစားမိနေတာပါပဲ။
အတွေးများခြင်းဟာ စိတ်ကျရောဂါကိုပိုဆိုးစေပါတယ်။ ဒီလိုအတွေးများ
တတ်တဲ့လူတွေကို မိသားစုနဲ့ သူငယ်ချင်းတွေမှ ကူညီပေးနိုင်ကြောင်း
စိတ်ကျန်းမာရေး ဆရာဝန်တွေကပြောပါတယ်။

၃။ ”နင်ဘယ်လိုခံစားနေရလဲဆိုတာ ငါမသိပေမယ့် နင့်အတွက်တော့ တော်တော်ခက်ခဲမယ့်ပုံပဲ
စိတ်ဓာတ်ကျခြင်းဟာ အတော်ရှုပ်ထွေးတဲ့အခြေအနေပါ။
ဇီဝဗေဒအရ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ မျိုးရိုးဗီဇ အစရှိသဖြင့် အမျိုးမျိုးဖြစ်နိုင်
တာကြောင့် လိုင်စင်ရ ကျွမ်းကျင်ပညာရှင်တွေသာနားလည်နိုင်ပါတယ်။
သူငယ်ချင်းနဲ့ မိသားစုဝင်တွေသာ ဒီရောဂါကိုသက်သာအောင်ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။

၎။ တစ်ခါတစ်လေ ဘာမှမပြောပဲ နားထောင်ပေးနေခြင်း
စိတ်ဝင်တစားနားထောင်ပေးတတ်တဲ့လူမျိုးတွေကို စိတ်ဓာတ်ကျနေသူ
တွေပိုအလိုရှိပါတယ်။ အထီးကျန်ပြီး တသီးတခြားလိုဖြစ်နေရတဲ့လူတွေ
အတွက် သူ့ရဲ့ခံစားချက်ကို ရင်ဘတ်နဲ့နားထောင်ပေးမယ့် လူမျိုးကို
ပိုခင်တွယ်ပါတယ်။

မပြောသင့်တဲ့စကား
” ဈေးဝယ်ထွက်လိုက် (သို့) အရက်သောက်… ”
စိတ်ညစ်ရင် ဈေးဝယ်ထွက်၊ အရက်သောက်လိုက်ခြင်းဟာ စိတ်ညစ်စရာ
တွေ တစ်ဝက်လောက်လျော့ကျသွားပြီလို့ထင်ရပေမယ့် ပိုဆိုးစေပါတယ်။
အစပိုင်းမှာတော့ စိတ်သက်တောင့်သက်သာရှိပေမယ့် ကြာရှည်မခံပါဘူး။

‘စိတ်ပျက်ဖို့ကောင်းလိုက်တာ ..”
စိတ်ဓာတ်ကျနေတဲ့လူကို ဒီစကားပြောလိုက်ခြင်းဟာ နောက်ထပ်
အပူတစ်ပူထပ်ပေးလိုက်သလိုပါပဲ။ စိတ်ပျက်လို့ပြောပြနေကာမှ သင်ကပါ
စိတ်ပျက်တယ်လို့ထပ်ပြောရင် သူ့အတွက်ပိုပူလောင်ရပါတယ်။

”စိတ်ညစ်မနေနဲ့..နင့်ထက်ဆိုးတဲ့လူတွေမှ တစ်ပုံကြီး ”
ချစ်သူ၊ ကျောင်းသင်ခန်းစာ ၊ အိမ် ၊အလုပ်နဲ့ ငွေရေးကြေးရေး ..အစရှိသဖြင့် များစွာသောကိစ္စတွေကြောင့်
စိတ်ဓာတ်ကျရတာမျိုးတွေဖြစ်တတ်ပါတယ်။ တစ်ခုသတိထားရမှာက
စိတ်ဓာတ်ကျနေတဲ့လူအတွက် အခြားလူတွေရဲ့အခြေအနေကို ထပ်ပြီး
သတိထားကြည့်ဖို့ ခက်ခဲပါတယ်။ သူ့စိတ်ခံစားချက်နဲ့ သူဆောက်တည်ရာ
မရဖြစ်နေချိန် အခြားလူကိစ္စတွေကိုသွားပြောမနေပါနဲ့။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.