နာမည်ကြီးK2 Brand အတွက်မော်ဒယ်လုပ်ပေးဖို့ကမ်းလှမ်းခံရတဲ့ Bae Suzy

ကိုရီးယားမှနာမည်ကြီးအဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့Suzyကို K2 outdoor Brand အတွက်ကြော်ငြာရိုက်ကူးပေးဖို့ရွေးချယ်ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။Suzyရဲ့ သဘာဝအလှဟာ သူတို့ရဲ့ ကြော်ငြာကုန်ပစ္စည်းအတွက်အများကြီးအထောက်အကူဖြစ်လိမ့်မယ် လို့ထင်တာကြောင့်ရွေးချယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

K2 outdoor Brandဟာ အားကစားဝတ်စုံ၊အားကစားနဲ့ပတ်သက်တဲ့ပစ္စည်းများ၊ ရာသီအလိုက်အ၀တ်အစား၊ဖိနပ်၊ကျောပိုးအိတ်စတဲ့ပစ္စည်းမျိုးစုံဖြန့်ချီတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီးကိုရီးယားရဲ့ နာမည်အကြီးဆုံးကုန်အမှတ်တံဆိပ်လည်းဖြစ်ပါတယ်။

Suzyက  SHINee အဖွဲ့ဝင်မင်ဟိုနဲ့အတူတွဲဖက်ရိုက်ကူးရမှာပဲဖြစ်ပါတယ်။ အခုလောလောဆယ် မှာတော့သူမတစ်ယောက်တည်း အားကစားဝတ်စုံ၊ဆောင်းရာသီအတွက်ဂျက်ကက်ဝတ်ဆင်ပြီး ကြော်ငြာရိုက်ကူးထားတာကိုမြင်တွေ့ရပါတယ်။မကြာခင်မှာ မင်ဟိုနဲ့တွဲဖက်ပြီး ကြော်ငြာတွေ ဆက်လက်ရိုက်ကူးသွားမယ်လို့သိရပါတယ်။

Suzyဟာ “While You were sleeping” ဇာတ်လမ်းတွဲကိုလည်း မင်းသားလီဂျောင်ဆုတ်နဲ့တွဲဖက်ပြီးရိုက်ကူးထားပါတယ်။ အဲ့ဒီဇာတ်ကား ကိုတော့ စက်တင်ဘာ ၂၇ရက်နေ့မှစတင်ပြီးကိုရီးယားရုပ်သံလိုင်းတွေမှာပြသမယ်လို့သိရပါတယ်။

113 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.