အရသာရှိ၊ လက်ဆတ်ပြီး အဆီလည်းကျစေတဲ့ အိပ်ရာမဝင်ခင်သောက်သုံးသင့်တဲ့ ဖျော်ရည်များ

အားလည်းရှိစေမယ့်အပြင် ကျန်းမာလှပတဲ့အသားရေနဲ့ အဆီပိုမရှိတဲ့
ခန္ဓာကိုယ်လေးပိုင်ဆိုင်နိုင်ဖို့အတွက် အိပ်ရာမဝင်ခင်သောက်သုံးသင့်တဲ့
ဖျော်ရည်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းလေးတွေကို စာရင်းပြုစုပေးလိုက်ပါတယ်။ ကိုယ်လိုချင်တဲ့
အရသာရဖို့ ထပ်ပြီးဖြည့်ထည့်နိုင်ပါတယ်။ သကြားတော့ လျော့ရပါမယ်။
ဆိုဒါ သုံးမယ့်အစား ရေသုံးပေးပါ။ တကယ်ကို အရသာရှိပါတယ်။

သခွားသီးဖျော်ရည်

ပါဝင်ပစ္စည်း
– သခွားသီး တစ်လုံး
– နံနံပင် အနည်းငယ်
– လီမွန်သီး တစ်လုံး
– ဂျင်း စားပွဲတင်ဇွန်း တစ်ဇွန်း
– ရှားစောင်း စားပွဲတင်ဇွန်း တစ်ဇွန်း
– ရေ ၁/၂ ခွက်

အိပ်ရာမဝင်ခင် ပုံမှန်သောက်ပေးပါ။ တစ်လလောက် ဆက်တိုက်သောက်
ပေးပြီး တစ်ပတ်လောက်နားထားလို့ရပါတယ်။ လိုအပ်တယ်ဆို ဆက်
သောက်သွားပေးလည်းရပါတယ်။

သခွားသံပုရာဖျော်ရည်

ပါဝင်ပစ္စည်း
– သံပုရာသီး တစ်လုံး
– သခွားသီး ၂လုံး
– လိမ္မော်သီးအကြီး တစ်လုံး
– ပျားရည် (လိုသလောက်ထည့်)
– ပင်စိမ်း (လိုသလောက်ထည့်)
– စပါကလင်ရည် တစ်လီတာ

သခွားသီး တစ်လုံးကို ကြိတ်စက်နဲ့ကြိတ်ပြီး နောက်တစ်လုံးကို ပါးပါးလေး
တွေလှီးပါ။ လိမ္မော်သီးနဲ့ သံပုရာသီးအရည်တွေကို ညှစ်ထုတ်ထားပါ။
သခွားသီးနဲ့ ရောစပ်ပြီး ပျားရည်ပါထည့်မွှေပါ။ နောက်ဆုံးမှ ပင်စိမ်းရွက်
ထည့်ပြီး အလှဆင်နိုင်ပါတယ်။

လီမွန်ဖျော်ရည်


ပါဝင်ပစ္စည်း
– လီမွန်သီး ငါးလုံး
– စပါကလင်ရည် တစ်လီတာ
– ပင်စိမ်း
– ရေခဲ

လီမွန်သီး လေးလုံးကိုအရည်ညစ်ထုတ်ပြီး ကျန်တစ်လုံးကို အကွင်းလေး
တွေ လှီးပါ။ လီမွန်ရည်နဲ့ စပါကလင်ရည်ကိုရောစပ်ထားပါ။ သောက်ခါနီး
ဆို ရေခဲနဲ့ပင်စိမ်းရွက်လေးတွေ ထည့်ပြီးသောက်သုံးနိုင်ပါတယ်။

ပန်းသီးဖျော်ရည်


ပါဝင်ပစ္စည်း
– ပန်းသီးအနှစ်ရည် တစ်လီတာ
– ပင်စိမ်း
– လီမွန်သီး တစ်လုံး
– ရေခဲ

ပန်းသီးအနှစ်ရည်နဲ့ လီမွန်ရည်ကိုရောစပ်ပြီး ရေခဲနဲ့ ပင်စိမ်းထပ်ထည့်ကာ
သောက်သုံးနိုင်ပါတယ်။ ပန်းသီးအနှစ်မဟုတ်ပဲ ပန်းသီးအလုံးကို
ကိုယ့်ဘာသာအရည်ကြိတ်ချင်လည်း ရပါတယ်။

နာနတ်သီးဖျော်ရည်


ပါဝင်ပစ္စည်း
– စပါကလင်ရည် တစ်လီတာ
– လီမွန်သီး တစ်လုံး
– နာနတ်သီး
– ပင်စိမ်း

နာနတ်သီးအရည်၊ စပါကလင်နဲ့ လီမွန်သီးအရည်တို့ကို ဆတူရောစပ်ပြီး
နောက်ဆုံးသောက်ခါနီးမှ ပင်စိမ်းလေးထည့်ပြီးသောက်သုံးနိုင်ပါတယ်။

228 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.