ဇာတ်လမ်းတွဲအသစ်မှာ သေမင်းအဖြစ်သရုပ်ဆောင်မယ့် မင်းသားချော Song Seung Heon

ဂျွန်စောလို့လူသိများနာမည်ကြီးတဲ့မင်းသားချော Song Seung Heonဟာ နောက်ထပ်ရိုက်ကူးမယ့်ဇာတ်လမ်းတွဲအသစ်မှာ သေမင်းနေရာကနေ ပါဝင်သရုပ်ဆောင်ဖို့လက်ခံထားတယ်လို့သိရပါတယ်။ဂျွန်စောဟာ ရုပ်ရှင်ကားပေါင်း ၁၂ကားရိုက်ကူးထားပြီး အခု၂၀၁၇မှာတော့ ၁၃ကားမြောက်ဖြစ်တဲ့ “Man of Will” ဇာတ်ကားကိုရိုက်ကူးထားပါတယ်။ဇာတ်လမ်းတွဲများစွာလည်းရိုက်ကူးထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

အခုရိုက်ကူးမယ့်ဇာတ်လမ်းတွဲအသစ်ဟာ OCN အင်တာတိန်းမန့်ကုမ္ပဏီက စီစဉ်တာဖြစ်ပြီး ဇာတ်ကားနာမည်ကတော့ “Black” ပါ။အဲ့ဒီဇာတ်ကားမှာတော့ Song Seung Heonက ၀ိညာဉ်တွေကိုစုစည်းရပြီး မပျက်စီးအောင်ကာကွယ်စောင့်ရှောက်ပေးရမှာပါ။ လူသားတွေရဲ့စိတ်ခံစားချက်ကိုနားမလည်၊ဂရုမစိုက်ပဲ သူ့ရဲ့အလုပ်တာဝန်ကိုသာကျေပွန် အောင်ဆောင်ရွက်တတ်တဲ့ အေးစက်တဲ့နှလုံးသားပိုင်ရှင်အဖြစ်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

မင်းသမီးကတော့ Go Ara ဖြစ်ပြီး သူမက သေခြင်းတရားကိုကြိုမြင်နိုင်တဲ့သူတစ်ယောက် ပဲဖြစ်ပါတယ်။နောက်ဆုံးမှာ သူတို့နှစ်ယောက်လုံးဟာ စည်းမျဉ်းတွေကိုဖောက်ဖျက်ပြီး လူတွေရဲ့အသက်ကိုကယ်တင်ဖို့ ဘယ်လိုကြိုးစားကြလဲဆိုတာကိုတော့စောင့်ကြည့်ကြပါဦး။ ဒီဇာတ်လမ်းတွဲကို အောက်တိုဘာ ၁၄ရက်နေ့ကစပြီး ကိုရီးယားရုပ်သံလိုင်းတွေမှာ စတင်ပြသမှာပဲဖြစ်ပါတယ်။

543 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.