တစ်ယောက်တည်းနေတဲ့အခါ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်းတွေနဲ့ ကျင့်
သားရနေပြီဆိုပေမယ့် တစ်ယောက်တည်းသမားတွေက ချစ်သူရှိသူတွေ
ထက်စာရင် ပိုမိုပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။
ကယ်လီဖိုးနီးယား တက္ကသိုလ်မှ စိတ်ပညာရှင် ဒေါက်တာ Bella DePaulo
က များစွာသောလေ့လာမှုတွေပြုလုပ်ပြီး အံ့သြစရာကောင်းတဲ့အချက်တွေကိုတွေ့ရှိခဲ့တယ်။
လေ့လာမှုပေါင်း ၈၄၁ခုကိုပြုလုပ်ပြီးနောက် တစ်ယောက်တည်းသမား
တွေဟာ အလုပ်မှာပဲဖြစ်ဖြစ်၊ မိသားစု၊ သူငယ်ချင်းတွေကြားမှာ တက်တက်
ကြွကြွနဲ့ ပိုမိုပျော်ရွှင်တဲ့လူဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကာ
အဆိုးမြင်စိတ်သိပ်မရှိဘူးလို့ သိရပါတယ်။
တစ်ယောက်တည်းသမားတွေ ပိုမိုများပြားလာခြင်းဟာ ဘာကြောင့်လဲ
ဆိုတော့ သူတို့တစ်ယောက်တည်းနေချင်လို့ဖြစ်ပါတယ်။ တစ်ယောက်
တည်းနေရင် ဘဝရဲ့အဓိပ္ပာယ်ကို အစစ်မှန်ခံစားနိုင်လို့ပါပဲ။
ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘဝကိုပိုင်ဆိုင်ထားရသူတွေ
လည်း ရှိပါတယ်။ တစ်ယောက်တည်းသမားတွေအနေနဲ့က အပူပင်
နည်းပါတယ်။ ဘယ်သူဆုံးဖြတ်ချက်မှမလိုပဲ ကိုယ့်စိတ် ကိုယ့်သဘောနဲ့
နေနိုင်တာက တစ်ကြောင်း၊ သံယောဇဉ်ထားစရာလူလည်းမရှိတာကြောင့်
တွယ်တာစရာသောကတွေနဲ့ ကင်းဝေးပါတယ်။
တစ်ယောက်တည်းသမားတွေဟာ စိတ်ပိုင်းဆိုင်ရာရော၊ ခန္ဓာကိုယ်ပိုင်း
ဆိုင်ရာပါ ပိုမိုကျန်းမာကြပါတယ်။ ငွေရေးကြေးရေးအပိုင်းရော…
အိမ်ထောင်သည်တွေလို ပူတွေးနေရတာမျိုးမရှိဘူးပေါ့။
တစ်ယောက်တည်းနေရင် ဘဝမှာရှိတဲ့ အခွင့်ရေးကောင်းတွေနဲ့ လွဲချော်
သွားနိုင်လို့ ဘယ်သူပြောလဲ? ညဆို ဖက်အိပ်စရာလူမရှိပေမယ့်
တစ်ယောက်တည်းနေခြင်းရဲ့အကျိုးကျေးဇူးကောင်းတွေကို သင်ပိုင်ဆိုင်
ထားပါသေးတယ်။
၁. လွတ်လွတ်လပ်လပ် ခရီးသွားလို့ရမယ်။
၂. ကိုယ့်စိတ်ကြိုက် အချိန်ဇယားဖန်တီးမယ်။
၃. နှစ်နှစ်ခြိုက်ခြိုက်လည်း ပိုအိပ်နိုင်မယ်။
၎. ကိုယ့်ကိုယ်ကိုလည်း ပိုယုံကြည်မှုရှိလာမယ်။
၅. သူငယ်ချင်းတွေကို အချိန်ပေးလာနိုင်မယ်။
တစ်ယောက်တည်းဖြစ်နေလို့ သိမ်ငယ်စရာမလိုဘူးနော်… ဒီအချက်တွေ
ပိုင်ဆိုင်ထားတာက တစ်ယောက်တည်းသမားတွေရဲ့အားသာချက်ပါပဲ။