စိတ်ဖိစီးမှုများနေတဲ့ချစ်သူအတွက် စိတ်ဖိစီးမှုပြေပျောက်စေဖို့ ကောင်လေးကိုယ်တိုင်တီထွင်ပေးတဲ့နည်းလမ်းအသစ်အဆန်း

လူတိုင်းစိတ်ဖိစီးမှုတွေ၊စိတ်ဓာတ်ကျတဲ့အချိန်တွေဖြတ်သန်းခဲ့ဖူးမှာပါ။စိတ်ဖိစီးမှုများနေတဲ့အခါမှာ ဘယ်အလုပ်ကိုပဲလုပ်လုပ်အဆင်မပြေတော့ပါဘူး။အဲ့ဒါကြောင့်စိတ်ပိုင်းဆိုင်ရာအနားယူဖို့အခြေအနေလိုအပ်ပါတယ်။အခုစိတ်ဖိစီးမှုများနေတဲ့ချစ်သူအတွက် စိတ်ဖိစီးမှုတွေပျောက်အောင် သူ့ရဲ့ ကောင်လေးက ဂရုတစိုက်နဲ့ဘယ်လိုနည်းလမ်းအသစ်တွေထွင်ပေးလိုက်လဲဆိုတာ ကိုပြောပြပေးသွားပါမယ်။

ကောင်လေးက “သူ့ကောင်မလေးဟာ အချိန်တိုင်းစိတ်ဖိစီးမှုများနေတယ် ၊စိုးရိမ်ပူပန်နေ တဲ့ရောဂါခံစားနေရပါတယ်။အဲ့ဒါကြောင့်နည်းလမ်းတွေရှာရင်း အင်တာနက်ပေါ်ကနေ ဒီနည်းလမ်းလေးကိုတွေ့ခဲ့တာပါ”လို့ပြောပြခဲ့ပါတယ်။ကောင်လေးက သူ့ရဲ့ ချစ်သူကို အရမ်းကိုဂရုစိုက်တယ်ဆိုတာလည်း သိစေချင်ခဲ့ပါတယ်။

သူက ကောင်မလေးကို ရုပ်ပုံကားချပ်လေးတစ်ခုပါတဲ့ခရားတစ်ခုကိုပေးခဲ့ပါတယ်။ အဲ့ဒီခရားလေးထဲမှာတော့ရောင်စုံတုတ်ချောင်းလေးတွေအများကြီးပါဝင်ပါတယ်။ခရားလေးထဲကရုပ်ပုံကားချပ်မှာတော့အရောင်လေးရောင်နဲ့အပိုင်း၎ပိုင်းခွဲထားတာကိုမြင်တွေ့ရပါတယ်။လိမ္မော်ရောင်၊အ၀ါရောင်၊ခရမ်းရောင်နဲ့ဗလာဆိုပြီးရှိပါတယ်။ကောင်မလေးကိုစိတ်ဖိစီးမှု၊စိုးရိမ်ပူပန်မှုတွေဖြစ်လာပြီဆိုရင်ဒီခရားလေးကိုမကြည့်ပဲတုတ်ချောင်းတစ်ချောင်းရွေးခိုင်းပြီးအဲ့ဒီတုတ်ချောင်းအရောင်မှာပါတဲ့စာသားအတိုင်းလိုက်လုပ်ခိုင်းတာပဲဖြစ်ပါတယ်။

လိမ္မော်ရောင်မှာတော့ ကဗျာ၊စာ၊အတွေးအခေါ်ပိုင်းဆိုင်ရာ၊ လူသားအချင်းချင်းထားရှိရမယ့် စိတ်နေသဘောထားတွေ ကိုရေးသားထားတာပဲဖြစ်ပါတယ်။အ၀ါရောင်မှာတော့ စိတ်ဓာတ်တက်ကြွစေမယ့်၊သူ့ရဲ့ ချစ်သူကိုအားပေးနိုင်တဲ့စကားလုံးတွေ၊ပျော်ရွှင်စေတဲ့ စကားတွေရေးသားထားတာပဲဖြစ်ပါတယ်။

ခရမ်းရောင်မှာတော့ အလုပ်လုပ်နေတယ်ဆိုရင်ချက်ချင်းရပ်ပြီး အနားယူဖို့၊နှစ်သက်ရာ သီချင်းနားထောင်ဖို့၊၀ါသနာပါတာတစ်ခုခုလုပ်ဖို့စသဖြင့်အများကြီးရေးသားထားတာပဲဖြစ်ပါတယ်။ဗလာအကွက်ရွေးမိရင်တော့ သူမရဲ့ အပျော်ဆုံးအချိန်၊အပျော်ဆုံးနေ့တွေကိုရေးသား ခိုင်းထားပါတယ်။သူမဆန္ဒရှိသလိုနောက်ထပ်ထပ်ယူလို့လည်းရပါတယ်တဲ့။

သူက ခရားလေးနဲ့စာတွေကိုအွန်လိုင်းပေါ်မှာတင်ခဲ့ပြီး “ဒီနည်းလမ်းလေးက သူမအတွက် အများကြီးအကျိုးမရှိရင်တောင်နည်းနည်းလေးအသုံးဝင်တယ်ဆိုရင်ကျေနပ်ပါတယ်။သူတတ်နိုင်သလောက်အကောင်းဆုံးကြိုးစားသွားပါမယ်၊သူမက ကျွန်တော့်အတွက် အရမ်းအရေးကြီး ပါတယ်။ပြီးတော့ ကျွန်တော့်လိုမျိုးပဲ တခြားယောကျာ်းလေးတွေဟာ သူတို့ရဲ့ ချစ်သူတွေအပေါ် ဒီလိုကူညီချစ်ခင်တဲ့စိတ်တွေရှိကြမှာပါ။ချစ်သူစုံတွဲဆက်ဆံရေးမှာ စိန်ခေါ်မှုတွေအများကြီးရှိသလို ပျော်ရွှင်ကြည်နူးစရာတွေလည်းအများကြီးပါ”လို့သူက ကွန်းမန့်မှာရေးသားထားခဲ့ပါတယ်။ သူတင်ထားတဲ့စာနဲ့ဓာတ်ပုံကို ကြည့်ရှုသူပေါင်း ၄၉၈၃၄၀တောင်ရှိတယ်လို့သိရပါတယ်။

ကိုယ့်ချစ်သူက စိတ်ဖိစီးမှုများတဲ့ဝေဒနာခံစားနေရရင် ဒီနည်းလမ်းလေးအတိုင်း လိုက်ပြီးလုပ်ကြည့်လို့လည်းရတယ်နော်။

66 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.