သူငယ်ချင်းဖြစ်သူရဲ့ ဂီတပွဲကို သွားရောက်အားပေးခဲ့တဲ့ အာရှမင်းသားလီကွမ်ဆူ

ပရိသတ်တွေရဲ့ အာရှမင်းသားလီကွမ်ဆူဟာ စက်တင်ဘာ၁၇ရက်နေ့က သူငယ်ချင်းဖြစ်သူ Yoo Yeon Seok ရဲ့  “Hedwig and the Angry Inch” တေးဂီတဆိုင်ရာအစီအစဉ်တစ်ခုမှာ သွားရောက်အားပေးခဲ့ပါတယ်။သူနဲ့အတူ သူငယ်ချင်းတွေဖြစ်ကြတဲ့ ပက်ခ်ဟီဆွန်း၊အိုအာယွန်းတို့ ကလည်းသွားရောက်အားပေးခဲ့ပါတယ်လို့သိရပါတယ်။

Yoo Yeon Seokဟာ မိတ်ကပ်ပြင်ထားတဲ့မျက်နှာနဲ့ပဲ လီကွမ်ဆူနဲ့အတူဓာတ်ပုံ တွဲရိုက်ခဲ့ပါတယ်။ပြီးတော့ အင်စတာဂရမ်အကောင့်မှာတင်ခဲ့ပြီး “Hedwig and Asia Prince” ဆိုပြီးစာရေးသားခဲ့တာကိုမြင်တွေ့ရပါတယ်။

လီကွမ်ဆူနဲ့အတူလာရောက်အားပေးကြတဲ့ပက်ခ်ဟီဆွန်း၊အိုအာယွန်းတို့နဲ့လည်းဓာတ်ပုံတူတွဲရိုက်ခဲ့ပြီး အင်စတာဂရမ်ပေါ်မှာတင်ထားခဲ့တယ်လို့သိရပါတယ်။Yoo Yeon Seok ဟာ အခုလောလောဆယ်မှာ နိုဝင်ဘာ၅ရက်နေ့ထိစီစဉ်တင်ဆက်မယ့် Hedwig and the Angry Inchအစီအစဉ်မှာပါဝင်လှုပ်ရှားနေပြီး ဒီနှစ်အတွင်းမှာ “Mr.Sunshine” ဒရာမာဇာတ်လမ်း ကိုရိုက်ကူးမယ်လို့သိရပါတယ်။အဲ့ဒီဇာတ်လမ်းမှာတော့ မင်းသားလီဗြောင်ဟွန်းနဲ့ တွဲဖက်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော်မင်းသားလေးကတော့  “Running Man” အစီအစဉ်မှာ ပါဝင်လှုပ်ရှားနေတဲ့အပြင် ဒီလိုမျိုးသူငယ်ချင်းတွေကိုလည်း အားပေးဖို့ သွားရောက် ခဲ့ပါသေးတယ်။ကြင်နာတတ်ပြီးသဘောကောင်းသလို Running Man ထဲမှာလည်း ဟာသမင်းသားတစ်လက်ပါပဲ။အဲ့ဒါကြောင့် သူ့ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကလည်း တဖြည်းဖြည်းများပြားလာတယ်လို့သိရပါတယ်။

 

153 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.