အခုခေတ်ကလေးတွေ ကွန်ပျုတာ၊ စမတ်ဖုန်းတွေနဲ့
ရင်းနှီးအကျွမ်းဝင်လာကြတာတွေ့ရပါတယ်။ ကလေးတွေခဏလေး
စက်ပစ္စည်းတွေနဲ့ အကျွမ်းဝင်နေခြင်းဟာ မိဘတွေအတွက်စိုးရိမ်စရာ
တစ်ခုဖြစ်နေပြီး လူမှုကွန်ရက်ကို ဘိန်းတစ်ခုလိုစွဲလမ်းလာမယ်ဆို
မိဘတွေအနေနဲ့ ဘယ်လိုကာကွယ်ပေးကြမလဲ?
စက်ပစ္စည်းတွေမပါဘဲ ကလေးရော၊ လူကြီးအတွက်အဆင်ပြေစေမယ့်
ကလေးပျိုးထောင်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
တီဗီကြည့်ခြင်းနဲ့ ဒီဂျစ်တယ်ပစ္စည်းတွေအသုံးပြုခြင်းဟာ ကလေးရဲ့
အသက်ပေါ်မူတည်နေပြီး သူ့ရဲ့အချိန်သုံးစွဲမှုကို ကန့်သတ်ထားပေးသင့်
ပါတယ်။
– (၁၈)လသားဆိုရင် ဘာတီဗီ စကရင်မ်နဲ့မှ ထိတွေ့ခွင့်မပေးသင့်ပါဘူး။
အဝေးရောက် အမျိုးတွေက, ကလေးကိုတွေ့ချင်တယ်ဆို Skype
လောက်နဲ့ပဲ ပေးတွေ့သင့်ပါတယ်။
– အသက်(၂)နှစ်မှ (၅)နှစ်ကလေးဆိုရင် တီဗီ၊ စမတ်ဖုန်းနဲ့ ကွန်ပျုတာ
ပြချင်ပါကာ တစ်နေ့ကို အချိန်(၁)နာရီထက်ပိုပြီး မပြသင့်ပါဘူး။
– (၆)နှစ်ထက်ကျော်တဲ့ကလေးတွေဆိုရင်တော့ ဒီဂျစ်တယ်ပစ္စည်းတွေနဲ့
ထိတွေ့ခွင့်တစ်နေ့ကို အလွန်ဆုံး (၂)နာရီလောက်ပဲ သတ်မှတ်ပေး
ထားသင့်ပါတယ်။ ကလေးရဲ့အိပ်ချိန်တွေကို ထိုစက်ပစ္စည်းတွေက
မခိုးသွားဖို့ အရေးကြီးပါတယ်။ ကလေးကိုကျန်းမာစွာ ပြုစုပျိုးထောင်ပေး
နိုင်ဖို့သာ လိုအပ်ပါတယ်။
ကလေးကို ကွန်ပျုတာရှေ့ကနေ အတင်းဆွဲခေါ်ပြီး ” သွား အခြားဟာလုပ်၊
ကွန်ပျူတာ ကိုင်ဖို့မစဉ်းစားနဲ့” လို့ ပြောမယ့်အစား အခြားစိတ်ဝင်စား
စရာကောင်းတဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ တောင်တက်ခြင်း၊ ပန်းချီဆွဲခြင်း ၊
စာဖတ် ၊ ငါးဖမ်းခြင်း တို့က စိတ်ကိုပြောင်းလဲစေတဲ့အတွက်
မိဘကိုယ်တိုင်အတူလုပ်ဆောင်ပါ။ ကလေးကို
ပျိုးထောင်ရာမှာ ထိရောက်မှုရှိပါတယ်။
မိဘရဲ့အပြုအမူနေထိုင်တွေဟာ ကလေးအပေါ်လွှမ်းမိုးမှုရှိပါတယ်။
အမေက စာဖတ်နေမယ်ဆို ကလေးလည်း စာအလိုလိုဖတ်ချင်လာမယ်။
အမေက ဖုန်းကြည့်နေမယ်ဆို ကလေးလည်း လိုက်ကြည့်ချင်မယ်။
ဒီလိုပါပဲ။ မိဘတွေကလည်း နည်းပညာသုံးစွဲမှုတွေကို အချိန်ခွဲထားသင့်
ပါတယ်။ သင့်ရဲ့အီးမေးလ် နဲ့အခြား သတင်းအထွေထူးတွေကို
ဘယ်နကြိမ်လဲ စစ်ကြည့်လဲ? အချိန်ကန့်သတ်ထားပြီး ကလေးတွေကိုအချိန်ပေးပါ။
လှုမှုကွန်ရက်နဲ့ ဒီဂျစ်တယ်စက်ပစ္စည်းတွေက ဖျော်ဖြေမှုတစ်ခုတင်
မဟုတ်ဘဲ အသိပညာဗဟုသုတ အချက်လက်တွေပါ ရနိုင်ကြောင်း
ကလေးတွေကို ပြပါ။ ကလေးတွေကို လွတ်လပ်စွာမေးခွင့်ပြုထားပါ။
ချက်ချင်းပြန်ဖြေပေးဖို့နဲ့ သင့်အတွေ့ကြုံတွေကို ဝေမျှဖို့ အဆင်သင့်ပြင်
ထားဖို့လိုပါမယ်။
အသက်(၉)နှစ်မကျော်သေးခင် ကလေးတွေ အင်တာနက်သုံးစွဲမှုကို
မိဘတွေ ထိန်းချုပ်ပေးထားဖို့လိုပါတယ်။ ပညာရေးပရိုဂရမ်နဲ့
သင့်ကလေးရဲ့အခြားအရည်သွေးတွေတိုးမြင့်စေမယ့် ဆိုဒ်တွေကို
ကြည့်စေခြင်းက ပိုကောင်းပါတယ်။
အထူးသဖြင့် အိပ်ခန်းနဲ့ မိသားစု ထမင်းဝိုင်းကို အင်တာနက်ကင်းကွာ
အောင်ထားပါ။ ကလေးအိပ်ခန်းထဲ ကွန်ပျုတာထားတာမျိုးတွေမလုပ်ပါနဲ့။
ဘယ်သူမှ ထမင်းစားခန်းနဲ့ အိပ်ခန်းထဲ ကွန်ပျုတာနဲ့ အခြားစက်ပစ္စည်းတွေ
ယူသွားခွင့်မရှိကြောင်း စည်းကမ်းထား, ထားပါ။
အနည်းဆုံး ကလေးဟာ အသက်၁၂နှစ်မကျော်မချင်း လူမှုကွန်ရက်နဲ့
ထိတွေ့ခွင့်မပေးတာ အကောင်းဆုံးပါပဲ။ ဆယ်ကျော်သက်တွေအနေနဲ့
လူမှုကွန်ရက်သုံးတဲ့အခါ ကိုယ်သင်ယူနေတဲ့အရာတွေကို ကောင်းကောင်း
နားလည်ဖို့ အရေးကြီးပါတယ်။ လူမှုကွန်ရက်မှာ ကိုယ့်ကလေးနဲ့
friend မလုပ်ထားရင် အကောင်းဆုံးပါပဲ။ ကလေးကို ကိုယ်ပိုင်သီးသန့်
နေရာလေးတစ်ခုပေးထားပါ။
ကလေးကို အင်တာနက်သုံးစွဲခွင့်ပြုလိုက်ပြီဆို အင်တာနက်ရဲ့
ဘေးထွက်ဆိုးကျိုးတွေကို ကလေးတွေအားပြောပြထားဖို့လိုပါတယ်။
– အင်တာနက်ကနေ နိုင်ထက်စီးနင်းလုပ်လာရင် ဘယ်လိုတုံ့ပြန်မလဲ ?
– ကိုယ်ရေးကိုယ်တာအချက်လက်တွေကို ဘယ်လိုကာကွယ်ထားမလဲ?
– အင်တာနက်ထောင်ချောက်တွေကို ဘယ်လိုရှောင်ရှားမလဲ ?
ဒီလိုအရေးကြီးတဲ့ အချက်တွေကို သင့်ကလေးအားပြောပြထားသင့်
ပါတယ်။ သတိပေးစရာရှိပေးပြီး ဂရုစိုက်သင့်တဲ့အရာတွေကို ရှာဖွေပေးပါ။