ယောကျာ်းလေးတွေစိတ်ပျက်လေ့ရှိတဲ့ ချစ်သူမိန်းကလေးတွေရဲ့ အမူအကျင့်များ

လူတစ်ယောက်နဲ့တစ်ယောက်အကျင့်အမူစရိုက်ချင်းမတူညီကြပါဘူး။အထူးသဖြင့်ယောက်ျားလေးနဲ့မိန်းကလေးကြားထဲမှာဆိုရင်ပိုပြီးကွဲပြားပါတယ်။တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်း မတူညီကြပါဘူး။အဲ့ဒီထဲမှာမှ ယောကျာ်းလေးတွေစိတ်ပျက်လေ့ရှိတဲ့ မိန်းကလေးတွေရဲ့ အမူအကျင့်တွေကိုပြောပြပေးချင်ပါတယ်။

၁။အမေးအမြန်းထူခြင်း

ဘယ်သွားမယ်၊ဘာလုပ်မယ်ဆိုတာကအစ တစ်ခုချင်းစီလိုက်မေးနေတာကိုယောက်ျားလေးတွေက မကြိုက်ကြပါဘူး။သူတို့က နားညီးလည်းမခံနိုင်တာကြောင့်မေးခွန်းတွေများလာရင်ပြီးစလွယ် ပဲဖြေလေ့ရှိပါတယ်။

၂။အလှပြင်တာကိုစောင့်ရခြင်း

အပြင်သွားခါနီးရင်ဝတ်စရာမရှိဘူးလို့ပြောတတ်တာက မိန်းကလေးတိုင်းရဲ့ အကျင့်ပါပဲ။ ပြီးတော့အလှပြင်ရင်လည်းအချိန်ကြာတတ်ပါတယ်။ယောကျာ်းလေးတွေကအပြင်သွားမယ်ဆိုရင် ချက်ချင်းအဆင်သင့်ဖြစ်နေတာကိုပဲလိုချင်ကြပါတယ်။စောင့်နေရရင်သူတို့က စိတ်မရှည်ကြပါဘူး။

၃။ဈေးဝယ်ထွက်ခြင်း

မိန်းကလေးတွေက ဈေးဝယ်ထွက်ရင်ထမင်းစားချိန်၊ရေသောက်ချိန်အားလုံးကိုမေ့ကြပါတယ်။ သူတို့ကအချိန်အကြာကြီးလျှောက်ကြည့်နိုင်ပေမဲ့ ယောကျာ်းလေးတွေကတော့စိတ်မရှည်ကြပါဘူး။

၎။စကားများခြင်း

ဘေးနားကနေ တတွတ်တွတ်နဲ့စကားများနေတာကိုလည်းယောကျာ်းလေးတွေက မကြိုက်ကြပါဘူး။သူတို့က နားညီးမခံနိုင်တဲ့အတွက်ဘေးနားကနေ စကားလာများနေရင်စိတ်ပျက်ကြပါတယ်။

၅။ဝေဖန်ခြင်း

ယောက်ျားလေးတွေကသူတို့ကလည်းတခြားသူကိုမဝေဖန်သလို သူတို့ကိုဝေဖန်ပြောဆိုရင်လည်း စိတ်ပျက်အထင်သေးလေ့ရှိပါတယ်။သူတို့သဘောကျလုပ်တာကို တခြားသူတွေကဝေဖန်ပြောဆို တာကိုမနှစ်သက်ကြပါဘူး။

၆။ချုပ်ခြယ်ခြင်း

တော်ရုံတန်ရုံချုပ်ခြယ်တာကို ဘာမှမဖြစ်ပေမဲ့ ဘယ်သူနဲ့ပဲပေါင်းရမယ် ဘာပဲလုပ်ရမယ် ဆိုတာမျိုးကတော့အရမ်းများသွားပါပြီ။ယောကျာ်းလေးတွေက သူတို့အပေါ်အရမ်းချုပ်ခြယ် လာရင်စိတ်ထွက်ပေါက်ရှာတတ်ပါတယ်။အဲဒါကြောင့်တော်ရုံချုပ်ခြယ်တာပဲကောင်းပါတယ်။

၇။တခြားယောက်ျားလေးအကြောင်းပြောခြင်း

ယောကျာ်းလေးတွေက သူတို့ကိုတခြားယောက်ျားလေးတွေနဲ့ယှဉ်ပြီးပြောတာကို မကြိုက်ကြပါဘူး။သူတို့ရဲ့ ရှေ့မှာတခြားယောက်ျားလေးတစ်ယောက်ရဲ့ ကောင်းကြောင်းဖြစ်စေ ၊ဆိုးကြောင်းဖြစ်စေ သွားမပြောပါနဲ့။တစ်ခါတစ်လေပြောတာက ဘာမှမဖြစ်ပါဘူး။ ခဏခဏပြောနေတဲ့အခါပြဿနာဖြစ်လာနိုင်ပါတယ်။

595 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.