လီမွန်သီးကို ဘက်စုံသုံးအသီးတစ်ခုအဖြစ် ဘာကြောင့်သတ်မှတ်ထားတာလဲ ?

တစ်ချို့သော ပစ္စည်းတွေရဲ့အသုံးဝင်ပုံကို သေချာသိထားမယ်ဆိုရင်
သင့်အတွက်အများကြီးအထောက်ကူဖြစ်စေပါတယ်။ ဘယ်လို
မှန်မှန်အသုံးချရမလဲဆိုတာ သေချာသိထားဖို့ပဲလိုပါတယ်။

ဒီတစ်ခါတော့ လူသိနည်းနေသေးတဲ့ လီမွန်သီးရဲ့အသုံးဝင်တွေကို
ဖော်ပြပေးလိုက်ပါတယ်။

အဖြူရောင်တပတ်တွေ ဝါကုန်လို့စိတ်မညစ်ပါနဲ့။ လီမွန်ရည်အနည်းငယ်၊
မုန့်ဖုတ်ဆိုဒါ တို့ရောစပ်ပြီးသားကို တပတ်မလျှော်ခင် တစ်နာရီခွဲကြာ
သည်အထိ စိမ်ထားပေးပါ။ အချိန်ပြည့်တာနဲ့ ရေနဲ့သေချာလျှော်ဖွတ်လိုက်
ရင် ဖြူဖွေးတဲ့တပတ်လေးကို ပြန်လည်ရရှိပါပြီ။

တစ်ချို့မိန်းကလေးတွေ လက်သည်းအရှည်ထားချင်ပေမယ့် လက်သည်း
ခွံပျော့တော့ ခဏခဏကျိုးတာနဲ့ဆက်မထားတော့တာရှိပါတယ်။
လက်သည်းခွံမာချင်ရင် လီမွန်သီးနဲ့ လက်သည်းကိုပွတ်ပေးပါ။
လက်သည်းခွံအရောင်လည်း ကြည်စေတဲ့အပြင် အရင်လို လက်သည်း
ကျိုးမှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့။

လီမွန်သီးက မလိုချင်တဲ့တင်းတိပ် ဝက်ခြံတွေနဲ့ အမည်းစက်တွေကို
လျော့ကျစေပါတယ်။ လီမွန်သီးကိုပါးပါးလေးလှီးပြီး မျက်နှာပြင်ကို
ညင်သာစွာ ပွတ်ပေးပါ။ ၁ဝမိနစ်လောက် ပွတ်ပေးရင်ရပါပြီ။

လီမွန်ရည်နွေးနွေးလေးကို ပျားရည်နဲ့မနက်ပိုင်းမှာ တစ်ခွက်လောက်
သောက်လိုက်ခြင်းက အစာအိမ်အတွင်းရှိအစာခြေစနစ်ကို ပိုမိုကောင်း
မွန်စေပါတယ်။

ရေခဲသေတ္တာထဲမှာ ညစ်ပေပြီး အနံ့သက်မကောင်းရင် လီမွန်ရည်ကို
အသုံးပြုလို့ရပါတယ်။ ဆပ်ပြာနဲ့ရောပြီးအသုံးပြုနိုင်သလို၊ အရင်ဆုံး
လီမွန်ရည်နဲ့ တိုက်ကြောပြီးမှ ဆပ်ပြာနဲ့နောက်တစ်ခေါက်ပြန်ဆေးလည်း
အဆင်ပြေပါတယ်။

လီမွန်သီးက အပင်ကြီးထွားနှုန်းကို တိုးမြှင့်စေပါတယ်။ လီမွန်ရည်အနည်း
ငယ်လောက် မျိုးစေ့လေးတွေပေါ် ညှစ်ပေးလိုက်ပါက နောက်တစ်ရက်
ကြာ အပင်လေးတွေထွက်လာတာကိုတွေ့ရပါလိမ့်မယ်။

ဖိနပ်အနံ့သက်မကောင်းရင် လီမွန်သီးခွံကို တစ်ညလောက်ထည့်ထား
ပေးလိုက်ပါ။ နောက်တစ်နေ့ကျ အနံ့တွေအကုန်စုပ်ယူသွားတာ
တွေ့ရပါလိမ့်မယ်။

လီမွန်သီးအခွံနဲ့မုန့်ဖုတ်ဆိုဒါက သင့်ရဲ့ဘေစင်ရှိ ချွတ်ရခက်နေတဲ့
အညစ်ကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

လက်မှာအရောင်တွေ စွန်းထင်းပြီး တော်တော်နဲ့မပျောက်ရင် လီမွန်ရည်
နဲ့ သင့်အရေပြားပေါ်ကအရောင်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။
အဝတ်ပေါ်က အစွန်းထင်းတွေကိုလည်း ပျောက်ကင်းစေပါတယ်။
အရင်ဆုံး အဝတ်ကို ရေနဲ့ဆေးပြီး လီမွန်ရည်ထဲမှာ မိနစ်အနည်းငယ်
စိမ်ပေးထားဖို့လိုပါမယ်။

လီမွန်သီးလောက် ချိုင်းအသားရေကိုဖြူစင်အောင်လုပ်ပေးနိုင်တာ
မရှိတော့ပါဘူး။ ချိုင်းကြားအသားရေကို ကြည်လင်စေတဲ့အပြင်
ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နေ့တိုင်း ရေချိုးရင် လီမွန်သီး
နဲ့ ပွတ်ပေးဖို့မမေ့ပါနဲ့။ ပွတ်ပြီးရင်အစိုဓာတ် ပေးနိုင်တဲ့ ကရင်မ်တစ်မျိုး
လိမ်းပေးပါ။ လီမွန်သီးက အသားရေကိုခြောက်သွေ့စေလိုပါ။
တစ်ပတ်အတွင်း ထူးခြားလာတာကိုတွေ့ရပါလိမ့်မယ်။

279 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.