မေးနှစ်ထပ်ဖြစ်လို့ စိတ်ညစ်နေတဲ့လူတွေအတွက် ဆိုင်သွားလုပ်စရာ
မလိုပဲ အိမ်မှာနေရင်းနဲ့ လုပ်လို့ရမယ့်လေ့ကျင့်ခန်းလေးတွေကို
ဖော်ပြပေးလိုက်ပါတယ်။
သွေးပူလေ့ကျင့်ခန်း
အရင်ဆုံး သင့်ရဲ့ကြွက်သားတွေကို သွေးပူအောင်လုပ်ပေးရပါမယ်။
ပုံမှာပြထားတဲ့အတိုင်း အင်္ဂလိပ်အက္ခရာတွေဖြစ်တဲ့ “I,“ ”O,“ “E,” နဲ့
”A” တို့ကို လိုက်ဆိုကြည့်ပါ။ မျက်နှာတစ်ခုလုံး လှုပ်ရှားမှုများလာတယ်
လို့ ခံစားရတဲ့အထိ ဆက်လက်လုပ်ဆောင်ပါ။
ခေါင်းကိုမော့ပြီး မျက်နှာကြက်ကို ကြည့်ပါ။ အောက်နှုတ်ခမ်းကို
ပုံပါအတိုင်း အပေါ်ပင့်တင်ပြီး ၅- ၁ဝစက္ကန့်ခန့်နေပါ။ တစ်အောင့်နားပြီး
၂-၃ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်
လက်မောင်းနှစ်ဖက်ကို ကိုယ့်ဘာသာသိုင်းဖက်လိုက်ပြီး ခေါင်းကို
အပေါ်တည့်တည့်မော့ထားပါ။ ကိုယ်တတ်နိုင်သလောက်ထိပဲ မော့ပါ။
အသက်ပြင်းပြင်းရှုထားပါ။ ၁ဝ(သို့) ၁၅ထိ ရေတွက်ပါ။ ပြီးရင်
အစပိုင်းအနေထားတိုင်း ပြန်လည်လုပ်ဆောင်ပါ။
ဒီနည်းလမ်းဟာ အလွန်ရိုးရှင်းသလောက် အရမ်းလည်းထိရောက်ပါတယ်။
ပါးစုန့်က ကြွက်သားလျော့ကျခြင်းကို သက်သာစေပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ခေါင်းကိုအတည့်တိုင်းထားပါ။ သင့်
ကြွက်သားတွေ တင်းအားများလာတယ်လို့ ခံစားရသည်အထိ
အနည်းဆုံး ၅ကြိမ်လုပ်ဆောင်ပေးရပါမယ်။
ခဲတံဖြစ်ဖြစ်၊ ပိုက်ဖြစ်ဖြစ် ပါးစပ်မှာစုပ်ထားပြီး ခေါင်းကိုမလှုပ်ဘဲ
နှုတ်ခမ်းကိုသာ ပုံပါအတိုင်းလှုပ်ပေးပါ။ အနည်းဆုံး ၃ကြိမ်လောက်လုပ်
ပေးပါ။ ခဏနားပြီး အချိန်အနည်းငယ်ကြာသည်အထိ ထပ်ခါထပ်ခါ
လုပ်ပေးပါ။
အသက်ဝအောင်ရှုကာ ပါးစပ်ထဲရေငုံထားသလို နှုတ်ခမ်းကိုစူထားပြီး
လက်နှစ်ဖက်ကို ဖောင်းနေတဲ့ပါးနှစ်ဖက်နားကပ်ထားပါ။ ၅- ၁ဝ
စက္ကန့်ကြာသည်အထိ လုပ်ပေးပါ။ ၅-၆ ကြိမ်လုပ်ပေးရပါမယ်။
ဒီနောက်ဆုံးနည်းလမ်းက သင့်မေးရိုးတစ်လျှောက် ကြွက်သားတွေကို
အထိရောက်ဆုံးပါပဲ။ လက်သီးဆုပ်တွေကို မေးစေ့နားကပ်ပြီး
အောက်ကနေ နှိပ်နယ်ပေးပါ။ စက္ကန့် ၃ဝလောက်လုပ်ပေးပါ။
၁ဝကြိမ်လောက်လုပ်ပေးဖို့လိုပါမယ်။